close

စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ

close

November 29, 2021

မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ

ပဲခူးတိုင်းနောက်ခြမ်း၊ မင်းလှမြို့နယ်၊ မြောက်ဘက်မြို့သစ်ရပ်ကွက်၊ ၆ လမ်းမှာနေထိုင်တဲ့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးခင်ထွန်းကို  နိုဝင်ဘာ ၂၉ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

''PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးလာ ဖမ်းတာ။ ရဲ ငါးယောက်တည်းနဲ့ လာဖမ်းတာ။ စခန်းမှာလို့လည်း ပြောတယ်။ အတည်ပြုချက် မရသေးဘူး'' လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဦးခင်ထွန်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မင်းလှမြို့မရဲစခန်း တာဝန်ကျရဲတဦးက ''အထက်က ဖမ်းခိုင်းတာဖြစ်လို့ ဖမ်းပေးရတာ။ ဘာဆက်လုပ်မယ်ဆိုတာတော့ မသိဘူး'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူ ဦးခင်ထွန်းဟာ NLD အစိုးရလက်ထက်မှာ မင်းလှမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ရာထူးကနေ နုတ်ထွက်ထားသူ ဖြစ်ပါတယ်။

2 mins Ago
Up