close

စည်ပင်အင်ဂျင်နီယာ

close

February 4, 2022

တနင်္သာရီက စည်ပင်အင်ဂျင်နီယာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

တနင်္သာရီမြို့နယ်မှာနေထိုင်တဲ့ စည်ပင်အင်ဂျင်နီယာ ကိုအောင်သက်ဦးကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ စည်ပင်အင်ဂျင်နီယာနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

Non-CDM ပြန်လည်ပြုလုပ်ထားတဲ့ တနင်္သာရီမြို့နယ်က စည်ပင်အင်ဂျင်နီယာကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က နယ်မြေခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖ က မေးစရာရှိတယ်လို့ ခေါ်ယူခဲ့ပြီးတဲ့နောက်မှာတော့ ဒေသတွင်း PDF တွေကို ထောက်ပံ့တယ်လို့ဆိုကာ ဖမ်းဆီးခဲ့ပြီး အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။  

အဲဒီလို မဖမ်းဆီးခင်မှာ တနင်္သာရီမြို့နယ် ချောင်းလမု ကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦး အရင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ငွေသွင်းငွေထုတ်ယူမှု မှတ်တမ်းတွေကို စစ်ဆေးပြီးတဲ့နောက် အဆိုပါ စည်ပင်အင်ဂျင်နီယာလည်း ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါ ဒေသခံ အမျိုးသမီးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီးတဲ့နောက်မှာတော့ အမှုတွဲမှာပါဝင်တဲ့ စည်ပင် အင်ဂျင်နီယာကိုလည်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီမြို့နယ်ထဲက ဒေသခံ ၄ ဦး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဆောင်ရွက်တဲ့အတွက် အဖမ်းဆီးခံထားရပါတယ်။

1 min Ago
Up