အသင်းတစ်သင်းရှိ ဂိုးသမားက ပင်နယ်တီကန်သွင်းမယ့်ပြိုင်ဘက်ကစားသမားကို နှောင့်ယှက်တာ မလုပ်နိုင်ဖို့အတွက် စည်းမျဉ်းသစ်ပြောင်းလဲတော့မှာပါ။
လက်ရှိစည်းမျဉ်းအရ ပင်နယ်တီကန်သွင်းချိန်မှာ ဂိုးသမားတွေက ကန်သွင်းမယ့် ကစားသမားတွေကို ဖိအားတစ်စုံတစ်ရာဖြစ်စေဖို့အတွက် လုပ်ဆောင်လေ့ရှိပါတယ်။
ဂိုးသမားက ပင်နယ်တီကန်သွင်းမယ့်သူကို ဖိအားဖြစ်စေအောင် ဘောလုံးကို ရယူထားခြင်း၊ ကခုန်ခြင်း၊ အော်ဟစ်ပြောဆိုခြင်း အစရှိတဲ့အပြုအမှုတွေကို လုပ်ဆောင်လို့ရနေတာပါ။
အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာဆိုရင် အလားတူအပြုအမှုတွေလုပ်ဆောင်လေ့ရှိပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ အားကစားသမားကောင်းပီသစေရေးနဲ့ ပင်နယ်တီကန်သွင်းမယ့်သူကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာပါ။
လက်ရှိစည်းမျဉ်းကို ပြောင်းလဲဖို့ လာမယ့် မတ်လမှာပြုလုပ်မယ့် အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။