close

စည်းမျဉ်း ၄ ခု ပြောင်းလဲ

close

March 12, 2022

ဘလွန်းဒီအောဆုစည်းမျဉ်း ၄ ခု ပြောင်းလဲခဲ့ပြီး တဦးချင်းခြေစွမ်းကို ဦးစားပေးမည်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောရွှေဘောလုံးဆုစည်းမျဉ်း ၄ ခုကို ပြောင်းလဲခဲ့ပြီး တဦးချင်းခြေစွမ်းကို ဦးစားပေးရွေးချယ်တော့မှာပါ။ 

ပြီးခဲ့တဲ့နှစ်မှာ လီယွန်နယ်မက်ဆီက အငြင်းပွားဖွယ်ရာ ဆုရရှိခဲ့ပြီးနောက်မှာ ဆုပေးတဲ့ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဆုံးဖြတ်ခဲ့တာပါ။ 

အရေးပါတဲ့စည်းမျဉ်း ၄ ခုပြောင်းလဲလိုက်ပြီး နံပါတစ်အချက်က အရင်နှစ်တွေကလို တနှစ်တာပြက္ခဒိန်အတွင်း ဆုပေးမှာမဟုတ်ဘဲ ဥရောပဘောလုံးလိဂ်တွေရဲ့ တရာသီပြီးဆုံးချိန် ကာလအတွင်း စွမ်းဆောင်ရည်ကိုကြည့်ပြီး ဆုပေးမှာပါ။ 

ဒါကြောင့် အခုနှစ်ရွှေဘောလုံးဆုကို ၂၀၂၂ ခုနှစ်အတွက်ပေးမှာမဟုတ်ဘဲ ၂၀၂၁- ၂၀၂၂ ရာသီက စွမ်းဆောင်ရည်ကိုကြည့်ပြီး ဆုံးဖြတ်မှာပါ။ 

လာမယ့် ဇူလိုင်လအပြီးမှာပဲ ဘလွန်းဒီအောရွှေဘောလုံဆုအတွက် စတင်ဆုံးဖြတ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလား စွမ်းဆောင်ရည်က လာမယ့်နှစ်အတွက်ပဲ အကျုံးဝင်တော့ မှာဖြစ်ပါတယ်။ 

နောက်တချက်က ဆုအတွက်မဲပေးတဲ့ ဂျာနယ်လစ်အရေအတွက်ကို ၁၇၀ ကနေ  ၁ဝဝ အထိ လျှော့ချခဲ့တာပါ။ 

တတိယအချက်က တဦးချင်းခြေစွမ်းကို အဓိကဆုံးဖြတ်မှာဖြစ်ပြီး အဲဒီနောက်မှ အသင်း လိုက် စွမ်းဆောင်ရည်နဲ့ မျှတစွာကစားနိုင်မှုစွမ်းဆောင်ရည်တွေကို ဆက်ပြီး အကဲဖြတ်မှာပါ။ 

နောက်ဆုံး တချက်ကတော့ ပြီးခဲ့နှစ်တွေက စွမ်းဆောင်ရည်တွေကို ဆုပေးမယ့်နှစ်မှာ ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့သိရပါတယ်။ 

4 mins Ago
Up