close

စတင်ကံစမ်းနိုင်

close

December 1, 2021

အောင်လံလွှင့်ချီနွေဦးထီပေါက်စဉ် ထွက်ရှိ၊ ဒီဇင်ဘာလအတွက် စတင်ကံစမ်းနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကို ဖွင့် လှစ်လိုက်ပြီဖြစ်ကာ ထီပေါက်စဉ်ကို Page Chatbot မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့အတူ နွေဦးထီဟာ Pilot Project ကနေ Commercial Launch အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ကာ အခုဒီဇင်ဘာလအတွက် နွေဦးထီ လက်မှတ်တွေကိုလည်း ပုံမှန်အချိန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီ အချိန်အထိ ဝယ်ယူအားပေးနိုင်မှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခုတခါမှာတော့ အများနဲ့ ဝယ်ယူလိုတဲ့ နွေဦးထီ ချစ်သူတွေအတွက် Bulk Sales စနစ်ကိုလည်း စတင်မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူးသူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

နွေဦးထီစနစ်သစ်မှာတော့ လုံခြုံရေးကိုအထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျသင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အထူးငွေတိုက်စာချုပ်တွေကိုလည်း  နို ဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ တပတ်အတွင်း ဝယ်ယူကြတဲ့ ပမာဏများ ပြားလွန်းတာကြောင့် ရောင်းချတဲ့လုပ်ငန်းစဉ်ကို ခေတ္တရပ်နားမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်း ခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

11 mins Ago
Up