အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မိတ်ဖက်တွေအဖြစ် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက ပြောကြားလိုက်ပါတယ်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ ၁၅ လမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနရုံးကို အခမ်းအနားနဲ့တရားဝင် စတင်ဖွင့်လှစ်ရာမှာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
NUG ရုံးခန်းဖွင့်ပွဲကိုတက်ရောက်လာတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက မြန်မာစစ်အုပ်စုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်းနဲ့ NUG ရဲ့မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
NUG နဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်တို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ ကောင်းမွန်တဲ့အလားအလာတွေရှိလာပြီလို့ NUG ဦးဆောင်သူတွေကလည်း ပြောပါတယ်။
ရုံးဖွင့်ပွဲအခမ်းအနားကို NUG နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ၊ ဆက်သွယ်ရေး၊ သတင်းနှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်၊ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ ပါတယ်။
မော်ရိုကိုနိုင်ငံက ဆမ်မီကလည်း ဒီထဲက အစီအစဉ်တွေကို လန့်နေမိပြီး အရမ်းအေးမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီအစီအစဉ်ထဲ ပါဝင်လှုပ်ရှားပြီးတဲ့အခါမှာတော့ လုံးဝ မချမ်းတော့ဘူးလို့ ဆိုပါတယ်။
“ဒီနှစ် မီးထွန်းပွဲတော်မှာ အများကြီး တိုးတက်အောင် လုပ်ထားပါတယ်။ အရင်နှစ်တွေကထက် ၃၀ ရာခိုင်နှုန်းလောက်ကို တိုးပြီး ထည့်သွင်းတိုးချဲ့ လုပ်ဆောင်ထားတယ်” လို့ ရေခဲကမ္ဘာ၊ နှင်းကမ္ဘာရဲ့ ဒီဇိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုဌာနက ဌာနမှူး ယန်ကျီက ပြောပါတယ်။
ဟေလုံကျန်းပြည်နယ်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား အရေအတွက်ကလည်း တိုးသထက် တိုးလာနေပါတယ်။ လတ်တလော ကြိုတင်စာရင်းပေးထားတွေအရ တရုတ်နှစ်သစ်ကူး ကာလအတွင်းမှာပဲ ပြည်နယ်တခုလုံးရဲ့ နိုင်ငံခြားခရီးသွား အရေအတွက်ဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ များပြားလာ ဖို့ရှိတယ်လို့ ပြနေပါတယ်။