လီဗာပူးတိုက်စစ်မှူးဟောင်း ဒယ်နီယယ်စတာရစ်ဟာ စပိန်ကလပ်မာယော့ကာအသင်းမှာ ခြေစွမ်းစမ်းသပ်မှုခံယူနေပါတယ်။
အသက် ၃၁ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ တူရကီကလပ် ထရက်ဇွန်စပေါ်မှာ ကစားနေချိန်မှာ လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် ၄ လ ပွဲပယ်ချမှတ်ခံခဲ့ရပါတယ်။
ဘောလုံးပြိုင်ပွဲတွေနဲ့ ၁၅ လခန့်ဝေးကွာနေတဲ့ စတာရစ်ကို မာယော့ကာအသင်းက ခြေစွမ်းစမ်းသပ်ဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတစ်ခု ထုတ်ပြနိုင်ခဲ့ပါက အသင်းအနေနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။
စတာရစ်ကတော့ လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန်ကြိုးစားပြီး လွန်ခဲ့တဲ့အချိန်တွေကလို ခြေစွမ်းမျိုးပြန်ရအောင် ကြိုးပမ်းနေတယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ရေးသားခဲ့ပါတယ်။