close

စတားဘတ်ခ်ကော်ဖီဆိုင်လုပ်ငန်း

close

May 25, 2022

စတားဘတ်ခ်ကော်ဖီဆိုင်လုပ်ငန်း ရုရှားမှ ထွက်တော့မည်

ကမ္ဘာတဝန်းကော်ဖီဆိုင်တွေဖွင့်လှစ်ရောင်းချနေတဲ့ စတားဘတ်ခ် (Starbucks) ကော်ဖီ ကော်ပိုရေးရှင်းက ရုရှားနိုင်ငံထဲမှာ ၁၅ နှစ်ကြာ စီးပွားရေးလုပ်ခဲ့အပြီး ရုရှားဈေးကွက်ထဲကနေ ထွက်တော့မယ်လို့ မေ ၂၃ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံထဲမှာ လုပ်ငန်းလည်ပတ်နေတဲ့ အနောက်နိုင်ငံ ထိပ်တန်းကုန်အမှတ်တံဆိပ်တွေ တည်ရှိခြင်းရဲ့ အဆုံးသတ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့ အခြေစိုက် စတားဘတ်ခ်ဟာ ရုရှားနိုင်ငံထဲမှာ ဆိုင်ခွဲပေါင်း  ၁၃၀ ဖွင့်လှစ်ထားပြီး  ဝန်ထမ်း ၂,၀၀၀ နီးပါး ရှိခဲ့တာပါ။

စတားဘတ်ခ်ဟာ မတ်လကစပြီး သူ့ကုန်စည်တွေ ရုရှားနိုင်ငံထဲ တင်ပို့မှု အပါအဝင် ရုရှားနိုင်ငံထဲက စီးပွားရေးလုပ်ရပ်အားလုံးကို ဆိုင်းငံ့ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်ကစပြီး ရုရှားမှာ ပထမဆုံး ဆိုင်စဖွင့်ခဲ့တဲ့ စတားဘတ်ခ်ဟာ သူ့ဝန်ထမ်းတွေကို နောက် ၆ လ ဆက်ပြီး လစာပေးတာ အပါအဝင် ဆက်ပြီး ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

သူ ခုလို ရုရှားဈေးကွက်ကနေ ထွက်လိုက်တဲ့အတွက် ဘဏ္ဍာရေးသက်ရောက်မှု ဘယ်လောက်ရှိသွားလဲ ဆိုတာကိုတော့ စတားဘတ်ခ်က မပြောပါဘူး။

မက်ဒေါနယ်ကတော့ သူ ရုရှားဈေးကွက်ကနေ ထွက်တဲ့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ကနဦး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

2 mins Ago
Up