close

စတိုးဆိုင်ပိုင်ရှင်

close

October 12, 2022

မြဝတီမြို့တွင် စတိုးဆိုင် ဗုံးပစ်ခံရပြီးလူငယ် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၊  ယုဇနလမ်းရှိ ဂျာပန်ကြီး စတိုးဆိုင်ကို အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီလောက်မှာ လူတစုက   ဗုံးတလုံးနဲ့ ပစ်ပေါက် သွားတာကြောင့် လူငယ် တယောက် သေဆုံးသွားပါတယ်။

မြဝတီမြို့ခံတဦးက“အမည်မသိလူတစုက ဗုံးသီးကို ဆိုင်ခန်းထဲ ပစ်ချပြီး ပေါက်ကွဲသွားတာ။ ပေါက်ကွဲတဲ့အချိန်မှာ စတိုးဆိုင် အနည်းငယ်ပျက်စီးသလို ဆိုင်အကူက ဗုံးဆန်ထိမှန်ခဲ့လို့ လူနာကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ  သေဆုံးသွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ အိမ်ရှင်ရဲ့တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် မောင်သီဟသူ ဖြစ်ပြီး ရင်ဘတ်ဝမ်းဗိုက်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

အဆိုပါ ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့် လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ချစ်ကြည်ရေးအမှတ် ၁ တံတားရှေ့ အင်အားပြင်းဗုံးပေါက်ကွဲမှု  အပါအဝင် အသေးစားဗုံးပေါက်ကွဲမှုတွေလည်း မကြာ ခဏဖြစ်ပွားလေ့ရှိပြီး ဗုံးဖောက်ခွဲသူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

6 mins Ago

June 5, 2022

ကောလင်းမြို့ပေါ်က စတိုးဆိုင်ပိုင်ရှင်နှင့် စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ၅ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စတိုးဆိုင်ပိုင်ရှင်နဲ့ စားသောက်ပိုင်ရှင် အပါအဝင် အရပ်သား ၅  ယောက်ကို  စစ်ကောင်စီက  ဇွန် ၄ ရက် နေ့ခင်းပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ခံတဦးက “ဖမ်းတာကတော့ စတိုးဆိုင်ပိုင်ရှင် ဦးအောင်သူရရယ်၊ ကောင်းကောင်းရယ် ၊ ဒေါ်ကြည်ကြည်ခိုင်ရယ်၊ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးအောင်ကျော်ဦး ခေါ် ဦးကျော်ဦးရယ် ကျန်တယောက်ကတော့ ဘယ်သူဆိုတာတော့ အတိကျမပြောနိုင်ဘူးဗျ။ ဖမ်းတာကတော့ ငါးဦးဖမ်းတာသေချာတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့ငွေလိုလို့‌ ဖမ်းတာလို့ပဲ ပြောရမယ်။ အခုသူတို့ ဖမ်းတဲ့သူတွေက ဘာမှလုပ်တာမှ မဟုတ်တာအသိသာကြီးပဲ” လို့ ပြောပါတယ်။

အခုဖမ်းဆီးထားသူ ၅ ယောက်ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ 

စစ်ကောင်စီတပ်ကတော့ ကောလင်းမြို့မှာသာမက စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ဝင်ကျောက်စိမ်း ဟိုတယ်ပိုင်ရှင် အပါအဝင် ၅ ယောက်ကိုလည်း စစ်ကောင်စီက မေ ၂၈ ရက်က ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကတော့ အခုလို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အပြစ်မဲ့ရွာသားတွေကို စွပ်စွဲ ချက်အမျိုးမျိုးနဲ့ ဖမ်းဆီးကာ နောက်ပိုင်းမှာ ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

4 months Ago
Up