စနေနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွတ်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ စတူဂတ်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပြင်သစ်လူငယ်ဆယ်ကျော်သက် တောင်ပံသမား တယ်က သွင်းယူခဲ့ပြီး စတူဂတ်အသင်းအတွက် ချေပဂိုးကို ၅၇ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲမှာ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှုသာသလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဒုတိယဂိုးကို ကွင်းလယ်သမား မူစလီရာက သွင်းယူနိုင်ခဲ့ပေမဲ့ စတူဂတ်အသင်းက ချေပဂိုးကို ပွဲပြီးခါနီးမှာရတဲ့ ပင်နယ်တီကနေ သွင်းယူပြီး သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်အတွက်တော့ ဘွန်ဒတ်စ်လီဂါမှာ ၃ ပွဲဆက်တိုက် သရေကျခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယားမှာတော့ ၁၂ မှတ်နဲ့ ဦးဆောင်နေပါတယ်။