close

စတော့ရှယ်ယာဈေးကွက်

close

March 23, 2022

နည်းပညာကုမ္ပဏီကြီးများ၏ ရှယ်ယာဈေး ပြန်တက်

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် နက်စ်ဒက်ခ် စတော့ဈေးကွက် သုံးသပ်ချက်အရ အမေရိကန် စတော့ရှယ်ယာ ဈေးကွက်အတွင်း နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးတွေ မတ်လ ၂၂ ရက်က ပြန်ခုန်တက်ခဲ့ပါတယ်။

တခြားကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေဟာလည်း လတ်တလော အရှုံးပြနေရာက ပြန်ခုန်တက်ခဲ့တာပါ။

နိုက်ကီကုမ္ပဏီကတော့ ရလဒ်ကောင်းတွေ ရလာပြီး ရှယ်ယာဈေး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် စတော့အိတ်ချိန်းမှာ စာရင်းဝင်တဲ့ ကုမ္ပဏီကြီး ၅၀၀ ရဲ့ ဈေးကွက်ညွှန်းကိန်းတွေဟာလည်း သိသိသာသာ မြင့်တက်သွားခဲ့လို့ ဆယ်နှစ်အတွင်း ဘဏ္ဍာငွေဖြစ်ထွန်းမှု ပမာဏက ၂ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ ရှယ်ယာဈေးလည်း မြင့်တက်ခဲ့ပါတယ်။

ကနဦး သတင်းအချက်အလက်တွေအရ S&P 500 စတော့ဈေးကွက် ညွှန်းကိန်းက ၁ ဒသမ ၉၆ ရာခိုင်နှုန်း တိုးလာပြီး နက်စ်ဒက်ခ် စတော့ဈေးကွက် ညွှန်းကိန်းကတော့ ၁ ဒသမ ၉၆ ရာခိုင်နှုန်း တိုးတက်မှု ရထားပါတယ်။

အမေရိကန်နိုင်ငံအတွင်း ဦးဆောင်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်ကို တိုင်းတာတဲ့ The Dow Jones Industrial Average ကတော့ အမှတ်ပေါင်း  ၂၆၃ ဒသမ ၆၃ မှတ် တိုးလာပြီး ရာခိုင်နှုန်းအရ ၀ ဒသမ ၇၆ ရာခိုင်နှုန်း တိုးလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

4 mins Ago

February 4, 2020

တရုတ် စတော့ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်း

တရုတ်စတော့ရှယ်ယာဈေးကွက်ဟာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သက်တမ်းတိုးထားတဲ့ တရုတ်နှစ်သစ်ကူး အားလပ်ရက်အပြီး ပထမဆုံးရက်ထိ ထိုးဆင်းနေဆဲ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ခရီးသွားကန့်သတ်ချက်တွေ၊ ဘေးကင်းရာ ရွှေ့ထုတ်တာတွေ ဆောင်ရွက်နေချိန်မှာ လူတွေ ထိတ်လန့်ချောက်ချားအောင် ဖန်တီးနေတယ်လို့ တရုတ်အစိုးရက အမေရိကန်ကို ဖေဖော်ဝါရီ ၃ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၁ နာရီထိ သတင်းအချက်အလက်တွေအရ ၄၂၇ ယောက်ထိ မြင့်တက်သွားပြီး ကမ္ဘာ့တဝန်း နိုင်ငံနဲ့ဒေသပေါင်း နှစ်ဒါဇင်ကျော်မှာ ကူးစက်ခံဦးရေ ၂၀၆၂၈ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။ တရုတ်အစိုးရက ကူးစက်မှု ပြင်းထန်တဲ့ ဝူဟန်နဲ့ တခြားမြို့တချို့ကို အဆက်အသွယ် အဝင်အထွက် မရှိရအောင် ပိတ်ချထားပြီး ရောဂါကူးစက်မှုကို ကာကွယ်ဖို့ နိုင်ငံအတော်များများက တရုတ်နိုင်ငံက လာတဲ့ခရီးသည်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ တရုတ်ရဲ့ အခြေအနေကြောင့် ရေနံထုတ်လုပ်သူတွေဟာ ထုတ်လုပ်မှုကို သုံးပုံတပုံ နီးပါးထိ လျှော့ချဖို့ စဉ်းစားနေတယ်။  စီးပွားရေး အနှောင့်အယှက် ကျယ်ပြန့်မှု တိုးလာတာကိုလည်း စိုးရိမ်နေတယ်လို့ ရေနံရောင်းချသူများအသင်း အိုပက်က သတင်းရင်းမြစ်က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က အရင်အပတ်က ကြေညာခဲ့ပါတယ်။
2 years Ago
Up