S & P 500 စတော့စျေးကွက်ညွှန်းကိန်းဟာ ၂၂ လအတွင်း အနိမ့်ဆုံးကို ကျဆင်းသွားတယ်လို့ အောက်တိုဘာ ၁ ရက်မှာ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဥရောပနဲ့ အာရှ စတော့ဈေးကွက်တွေလည်း သိသိသာသာကျဆင်းသွားပြီး တောင်အာဖရိကနိုင်ငံရှိ ဂျိုဟန်နက်စ်ဘာ့ဂ် စတော့အိတ်ချိန်းနဲ့ လိုက်လျောညီထွေဖြစ်ပြီးတဲ့နောက် အာဖရိက ဈေးကွက်တွေ အထူးအခက်တွေ့နေပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ် စတော့အိတ်ချိန်းရဲ့ All-Share ညွှန်းကိန်းကတော့ ၃ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ပြီး တောင်အာဖရိက ငွေကြေး ရန်ဒ်ဟာ ဒေါ်လာနဲ့ ယှဉ်ရင် ကျဆင်းသွားပါတယ်။
ကြွေးမြီနဲ့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဘဏ္ဍာရေးမူဝါဒ အသစ်တွေ ထုတ်ပြန်ပြီးတဲ့ နောက် ဗြိတိန်ငွေကြေး စတာလင်ပေါင်ဟာလည်း တစ်ချိန်လုံးမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်ကနေ အိန္ဒိယအထိ ဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး ပိုပြီး အလျင်စလို လှုပ်ရှားနေလို့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ ငွေတွေကို ပိုပြီး လုံခြုံဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့နေကြတယ်လို့က်တာသတင်းဌာနက ဖော်ပြပါတယ်။
တရုတ်ပြည်မကြီးက ထိပ်တန်းခေါင်းဆောင်တွေက ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်ရေး မူဝါဒကို ဆက်လုပ်မယ်လို့ ပြောဆိုလိုက်အပြီးမှာ စီးပွားရေးထပ်ကျမှာ စိုးရိမ်နေကြလို့ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးမှာ စတော့ရှယ်ယာဈေးတွေ မေ ၆ ရက်က ကျဆင်းခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ကမ္ဘာ့ရှယ်ယာဈေးကွက်တွေ ကျဆင်းနေချိန်မှာ အခုလို လိုက်ကျလာတာလည်း ဖြစ်ပါတယ်။
ဟောင်ကောင်ရဲ့ ဟန်ရှန်း ဈေးကွက်ညွှန်းကိန်းဟာ ဈေးကွက်ပိတ်ချိန်မှာ ၃ ဒသမ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး CSI 300 ညွှန်းကိန်းကတော့ ၂ ဒသမ ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေးမူဝါဒကို ငြင်းပယ်တဲ့ လုပ်ဆောင်ချက်မှန်သမျှကို တိုက်ဖျက်မယ်လို့ နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ရဲ့ အစည်းအဝေး အပြီး မေ ၅ ရက်မှာ အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။