အမေရိကန်စီးပွားရေးဟာ အရင် သမိုင်းဝင်စံချိန်စံနှုန်းတွေနဲ့အတူ အကျဘက်ကို ဦးတည်နေတယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
အမေရိကန် စတော့ရှယ်ယာနဲ့ အစိုးရ ငွေချေးစာချုပ် ဘွန်းစျေးကွက်တွေနဲ့ ပတ်သက်တဲ့ လတ်တလော ကိန်းဂဏန်းတွေက ရှေ့လျှောက် ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ဖို့ စိုးရိမ်စရာတွေ ဖြစ်နေတယ်လို့လည်း သတိပေးပါတယ်။
ဇွန် ၂၁ ရက်က အမေရိကန် စတော့စျေးကွက် ပြန်တက်လာခဲ့ပေမဲ့ ရေတိုမှာ ပြန်မတ်လာတာဟာ ငွေကြေးဖောင်းပွတာ၊ အတိုးနှုန်း မြင့်တက်တာတွေကြောင့် အဆိုးမြင်နေကြတဲ့အချိန်မှာ လူတွေရဲ့ယုံကြည်ချက်ကို ပြန်ရလာမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ပြောပါတယ်။
Standard and Poor's 500 အညွှန်းကိန်းဟာ ၅ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Nasdaq Composite Index ကတော့ ၄ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။
Dow Jones Industrial Average ကတော့ ဇွန် ၁၃ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်မှု ရက်သတ္တပတ်အတွင်း ၄ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ကျယ်ပြန့်တဲ့ စျေးကွက်ညွှန်းကိန်းက ၂၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတာနဲ့ တပြိုင်နက် အမေရိကန် စတော့ဈေးကွက်ဟာ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းလာပြီး အထွတ်အထိပ် ရောက်တဲ့အထိ ကျဆင်းသွားလိမ့်မယ်လို့ စျေးကွက်လေ့လာသုံးသပ်သူတွေက ယုံကြည်နေကြပါတယ်။