close

စပါးတင်ပို့

close

July 21, 2022

ပင်လယ်နက်ကတဆင့် စပါးတင်ပို့ရန် ရုရှားနှင့်တူရကီ ဆွေးနွေး

ရုရှားနှင့်တူရကီတို့ ပင်လယ်နက်ကတဆင့် စပါးတင်ပို့ဖို့ အရင်သီတင်းပတ်က တူရကီမြို့တော် အစ္စတန် ဘူလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံလုံး ကျေနပ်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၁၉ ရက်မှာ ပြောခဲ့ပါတယ်။ 

ရုရှား၊ ယူကရိန်း၊ တူရကီနဲ့ ကုလသမဂ္ဂတို့ဟာ ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်းကနေ စပါးတင်ပို့မှု ပြန်စဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်တရပ်ကို အခုသီတင်းပတ်နှောင်းပိုင်းမှာ လက်မှတ်ထိုးဖို့ မျှော်လင့်ထားပါတယ်။

ပူတင်နဲ့ တူရကီသမ္မတ တေယစ် အာဒိုဂံတို့ ဇူလိုင် ၁၉ ရက်အစောပိုင်းက အီရန်မှာ တွေ့ဆုံခဲ့ပြီး ပြဿနာအားလုံး မပြေလည်သေးပေမယ့် လှုပ်ရှားမှုရှိနေတယ်ဆိုတဲ့အချက်က ကောင်းနေပြီလို့ ပူတင်က ပြောခဲ့ပါတယ်။

53 seconds Ago
Up