close

စပါးနှင့်လက်စတာ

close

December 16, 2021

ကိုဗစ်ကြောင့် စပါးနှင့်လက်စတာပွဲ ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှု ပရီးမီးယားလိဂ်ပယ်ချ

စပါးအသင်းနဲ့ လက်စတာအသင်းတွေမှာ ကိုဗစ်ပိုးတွေ့ရှိမှုတွေရှိတာကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပယ်ချခဲ့ပါတယ်။ 

လက်စတာနဲ့ စပါးပွဲစဉ်ကို မနက်ဖြန် မနက် ၂ နာရီ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နှစ်သင်းလုံးမှာ ကိုဗစ်ပျံ့နှံ့မှုတွေ ရှိတာကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ နှစ်သင်းစလုံးကတောင်းဆိုခဲ့တာပါ။ 

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘရိုက်တန်-စပါးပွဲစဉ်၊ ဘရန့်ဖို့ဒ်-မန်ယူပွဲစဉ်၊ ဘန်လေ-ဝက်ဖို့ဒ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားတာကြောင့် နောက် ထပ်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ 

လက်စတာအသင်းမှာ ဒဏ်ရာနဲ့ ကိုဗစ်တွေ့ရှိမှုကြောင့် ဗဟိုနောက်ခံလူတွေ မရှိတော့တာကြောင့် ပွဲရွှေ့ဆိုင်းခြင်း မပြုခဲ့တဲ့အပေါ် နည်းပြ ဘရန်ဒန်ရော်ဂျာက စိတ်ပျက်စကားဆိုပါတယ်။ 

စပါးအသင်းမှာလည်း ကစားသမား ၉ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် လူငယ်အသင်းက ကစားသမားတွေကို ခေါ်ယူပြီး အားဖြည့်ထားရတယ်လို့ သိရပါတယ်။ 

1 min Ago
Up