close

စပါးရိတ်တောင်သူ

close

December 19, 2022

ရွှေဘိုမြို့နယ်က စပါးရိတ်တောင်သူ ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်အရှေ့ရွာက စပါးရိတ်နေတဲ့ တောင်သူတဦးအား စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဆင်အင်းရဲစခန်းကနေ စစ်ကောင်စီတပ်က လာရောက် ပစ်သတ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

“တောင်သူတွေကတော့ အတော်လေးကို ဒုက္ခရောက်နေရတယ်။ ဒီနေ့လည်း ကျနော်တို မအူပင်အရှေ့ရွာက ဦးဖိုးသီတိုး အသက် ၅၀ ကျော် စပါးရိတ်နေတာကို လာပြီးပစ်သတ်သွားတယ်။ ဘာကြောင့်ပစ်သတ်တာလဲဆိုတော့ သူတို့စခန်းအနီးက စပါးခင်းတိုင်းကို ဒီကောင်တွေက အရိတ်ကိုမခံဘူး။ ရိတ်တဲ့သူတိုင်းကို အခုလိုပဲပစ်တယ်ဗျ။ တောင်သူတွေ ရိတ်မရမှ သူတို့က ပျူတွေနဲ့ပေါင်းပြီး သူတို့ ရိက္ခာအဖြစ် သိမ်းယူတယ်။ သူတို့စခန်းနဲ့နီးတဲ့ လယ်ဧကကတော့ အတော်များတယ်ဗျ။ အတိကျတော့ မပြောတတ်ဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်း ဒေသခံတွေဟာ စပါးကိုသာ အားကိုးစိုက်ပျိုး အသက်မွေးဝမ်းကြောင်းပြုနေကြရပြီး အခု ဒီဇင်ဘာလဟာ စပါးသီးနှံတွေ ရိတ်သိမ်းတဲ့ လဖြစ်ပါတယ်။ 

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတောင်သူတွေရဲ့ စပါး နဲ့ အခြားသီးနှံတွေ ပျက်စီးဆုံးရှုံးနေကြရသလို ဒေသခံတွေရဲ့ နေအိမ်နဲ့ တောင်သူသုံး စက်ကိရိယာတွေ၊ စပါးကျည်တိုက်တွေကိုလည်း စစ်ကောင်စီက မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up