close

စပါးအကယ်ဒမီနည်းပြ

close

July 27, 2022

မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေး စပါးအကယ်ဒမီနည်းပြအဖြစ် တာဝန်ယူ

မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးဟာ စပါးအသင်းရဲ့ အကယ်ဒမီမှာ နည်းပြတဦးအနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ် ဂန္ထဝင်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စပါးအသင်းမှာ အချိန်ပိုင်းနည်းပြအနေနဲ့ တာဝန်ယူလာခဲ့သူပါ။

အသက် ၃၉ နှစ်ရှိ ယာယာတိုရေးဟာ ယူအီးအက်ဖ်အေရဲ့ A လိုင်စင်နည်းပြဖြစ်ဖို့အတွက် စပါးအသင်းမှာ အလုပ်သင်အဖြစ် တာဝန်ယူခဲ့ပြီးနောက်မှာ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့တာပါ။

ယူကရိန်းနဲ့ ရုရှားနိုင်ငံတွေမှာလည်း လက်ထောက်နည်းပြအနေနဲ့ တာဝန်ယူခဲ့တဲ့ ယာယာတိုရေးဟာ အင်္ဂလန်မှာ ပထမဆုံးအကြိမ်အဖြစ် အချိန်ပြည့်နည်းပြအနေနဲ့ တာဝန်ယူခွင့်ရလာခဲ့တာပါ။

ယာယာတိုရေးဟာ ၂၀၂၀ ပြည့်နှစ်က တရုတ်ကလပ် ဟွမ်ဟိုင်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ကျူပီအာ၊ ဘလက်ဘန်းနဲ့ ဝေးလ်ဘောလုံးအဖွဲ့ချုပ်တွေမှာလည်း နည်းပြတာဝန်တွေကို လေ့လာသင်ယူခဲ့ပါတယ်။

အလားတူ စပါးတိုက်စစ်မှူးဟောင်း ဒီဖိုးဟာလည်း လူငယ်အသင်းနည်းပြအနေနဲ့ တာဝန်ယူမယ်လို့ သိရပါတယ်။

7 mins Ago
Up