close

စပိန်ဘောလုံးအဖွဲ့ချုပ်

close

November 18, 2022

ဂိုးသမား ဒီဂီယာကို စပိန်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုစာ မှားယွင်းပေးပို့

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂိုးသမားဒီဂီယာကို စပိန်လက်ရွေးစင်အသင်းကနေ အနားယူလိုက် တယ်လို့ထင်မြင်ပြီး ဂုဏ်ပြုစာ မှားယွင်းပြီး ပေးပို့ခဲ့ပါတယ်။ 

မန်ယူနိုက်တက်ဂိုးသမားဟာ ကမ္ဘာ့ဖလားလူစာရင်းမှာချန်လှပ်ခံခဲ့ ရပေမယ့် နိုင်ငံအသင်းကနေ အနားယူတယ်လို့ ကြေညာထားခြင်း မရှိသေးပါဘူး။ 

ဒါပေမဲ့ စပိန်အက်ဖ်အေဥက္ကဋ္ဌ လူးဝစ်ရက်ဘီယာလက်စ်က နိုင်ငံအသင်းကနေ အနားယူသွား တဲ့အတွက် အသင်းအတွက် ကစားပေးခဲ့တာတွေအတွက်ဂုဏ်ယူကြောင်း တွစ်တာကနေတစ်ဆင့် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

စပိန်ဂျာနယ်လစ် တဦးဖြစ်သူ အယ်လ်ဗာရက်ဇ်ရဲ့အဆိုအရ စပိန်အက်ဖ်အေရဲ့ ဂုဏ်ပြုစားအပေါ် ဂိုးသမားဒီဂီယာက အလွန်အံ့အားသင့်ခဲ့ပြီး နိုင်ငံအသင်းကနေ အနားယူသေးမှာ မဟုတ်ကြောင်း ပြန်လည်ပြောခဲ့တယ်လို့ဆိုပါတယ်။ 

ဒီဂီယာဟာ  ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလက ယူကရိန်းအသင်းကို တစ်ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စပိန်အတွက် နောက်ဆုံးကစားပေးခဲ့တာပါ။ 

အဲဒီနောက် ယူရိုပြိုင်ပွဲကနေစတင်ပြီး ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆီမွန်ကိုပဲ ပွဲထွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အထိ ဒီဂီယာကိုရွေးချယ်ခဲ့ပေမယ့် အသုံးမပြုခဲ့သလို ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ဆီမွန်နဲ့အတူ ဘရိုက်တန်က ဆန်းချက်ဇ်၊ ဘရန့်ဖို့ဒ်က ဒေးဗစ်ရာရာ တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

12 mins Ago

September 17, 2019

ဘာကာ တိုက်စစ်မှူး အန်းဆုဖက်တီကို စပိန်ဘောလုံးအဖွဲ့ချုပ်က စပိန်နိုင်ငံသား ခံယူစေလို

စပိန်လက်ရွေးစင်အသင်းဟာ ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး အန်းဆုဖက်တီကို စပိန်နိုင်ငံသားအဖြစ် ခံယူစေဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၁၆ နှစ်ပဲရှိသေးတဲ့ အန်းဆုဖက်တီဟာ ဘာစီလိုနာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့သူ ဖြစ်ပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့ ဒဏ်ရာရနေချိန်မှာ သွင်းဂိုး ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂူနီယာဘစ်ဆာ နိုင်ငံသားဖြစ်တဲ့ အန်းဆုဖက်တီဟာ လက်ရွေးစင်ပွဲစဉ်တွေ တပွဲမှမ ကစားဖူးသေးပါဘူး။ ဖက်တီဟာ သူ့အသက် ၉ နှစ်ကတည်းက စပိန်မှာ ရောက်ရှိနေတာကြောင့် စပိန် ဘောလုံးအဖွဲ့ချုပ်က သူ့ကို နိုင်ငံသားအဖြစ် ခံယူစေပြီး အနာဂတ် လက်ရွေးစင်အသင်းမှာ ရွေးချယ်လိုနေတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘာကာ တိုက္စစ္မႉး အန္းဆုဖက္တီကို စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က စပိန္ႏိုင္ငံသား ခံယူေစလို စပိန္လက္ေ႐ြးစင္အသင္းဟာ ဘာစီလိုနာမွာ ေျခစြမ္းျပေနတဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္မႉး အန္းဆုဖက္တီကို စပိန္ႏိုင္ငံသားအျဖစ္ ခံယူေစဖို႔ ဆႏၵရွိေနပါတယ္။ အသက္ ၁၆ ႏွစ္ပဲရွိေသးတဲ့ အန္းဆုဖက္တီဟာ ဘာစီလိုနာ အကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့သူ ျဖစ္ၿပီး မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ ဒဏ္ရာရေနခ်ိန္မွာ သြင္းဂိုး ၂ ဂိုးသြင္းၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဂူနီယာဘစ္ဆာ ႏိုင္ငံသားျဖစ္တဲ့ အန္းဆုဖက္တီဟာ လက္ေ႐ြးစင္ပြဲစဥ္ေတြ တပြဲမွမ ကစားဖူးေသးပါဘူး။ ဖက္တီဟာ သူ႔အသက္ ၉ ႏွစ္ကတည္းက စပိန္မွာ ေရာက္ရွိေနတာေၾကာင့္ စပိန္ ေဘာလုံးအဖြဲ႕ခ်ဳပ္က သူ႔ကို ႏိုင္ငံသားအျဖစ္ ခံယူေစၿပီး အနာဂတ္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္လိုေနတာ ျဖစ္ပါတယ္။
3 years Ago
Up