close

စပိန်အသင်း

close

December 9, 2022

ယူ ၂၁ နည်းပြဟောင်း ဒယ်လာဖွန်တီကို နည်းပြချုပ်အဖြစ် စပိန်အသင်းခန့်အပ်

စပိန်လက်ရွေးစင်အသင်းဟာ ယူ ၂၁ နည်းပြဟောင်း လူးဝစ်ဒယ်လာဖွန်တီကို နည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဦးဆောင်ခဲ့တဲ့ နည်းပြအင်းနရစ်နဲ့ လမ်းခွဲအပြီး မကြာခင်မှာပဲ ဒယ်လာဖွန်တီကို အစားထိုးခန့်အပ်လိုက်တာပါ။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဒယ်လာဖွန်တီဟာ စပိန်အသင်းနည်းပြဝန်ထမ်းအဖြစ် ၁၀ စုနှစ်ကြာ တာဝန်ယူခဲ့သူပါ။

၂၀၁၃ ခုနှစ်က ယူ ၁၉ အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ယူ ၂၁ အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။

ဒယ်လာဖွန်တီရဲ့ စပိန်ယူ ၂၁ အသင်းဟာ ဂျာမနီကို အနိုင်ယူပြီး ၂၀၁၈ ဥရောပယူ ၂၁ ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ် အောင် စွမ်းဆောင်ခဲ့ပါတယ်။

နည်းပြသစ် ဒယ်လာဖွန်တီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်မှာ စတင်မယ့် ယူရိုခြေစစ်ပွဲစဉ်တွေမှာ စတင်တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

2 hours Ago

November 3, 2022

ကမ္ဘာ့ဖလားကစားခွင့်ရရန် စပိန်နောက်ခံလူ ရာမို့စ် မျှော်လင့်နေဆဲ

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ စပိန်အသင်းနဲ့အတူ လိုက်ပါခွင့်ရဖို့မျှော်လင့်နေဆဲဖြစ်ကြောင်း နောက်ခံလူ ရာမို့စ်က ပြောပါတယ်။

ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ခဲ့ပြီး နောက်ဒဏ်ရာပြဿနာတချို့ ကြုံတွေ့ခဲ့ရတာကြောင့် ၂၀၂၁ နောက်ပိုင်း စပိန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ယူရို၂၀၂၀ ပြိုင်ပွဲကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဝါရင့်နောက်ခံလူဟာ လာမယ့် ကမ္ဘာ့ဖလားမှာတော့ လက်ရွေးစင်အသင်းမှာ ပြန်ပါဖို့ မျှော်လင့်နေတာပါ။

စပိန်အသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေမဲ့ နည်းပြအင်းနရစ်က မကြာခင်မှာ ထုတ်ပြန်သွားဖို့ရှိပါတယ်။

ရာမို့စ်ကတော့ ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီး ကလပ်အသင်းမှာလည်း ပွဲထွက်ခွင့်ရနေပြီ ဖြစ်လို့ အသင်းမှာ ပြန်ကစားဖို့အဆင်သင့်ရှိနေပြီး နည်းပြအင်းနရစ်အပေါ်မှာပဲ မူတည်ကြောင်း ပြောပါတယ်။

ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးကစားဖို့ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ကာတာအထိ လိုက်ပါခွင့်ရချင်ကြောင်း ရာမို့စ်က ပြောသွားပါတယ်။

1 month Ago
Up