close

စပိုင်ဝဲလ်

close

January 14, 2022

အယ်လ်ဆာဗေဒို သတင်းထောက်နှင့်တက်ကြွလှုပ်ရှားသူများ၏ဖုန်းများ စပိုင်ဝဲလ်သွင်းခံရ

အယ်လ်ဆာဗေဒိုနိုင်ငံက သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ သုံးဒါဇင်နီးပါးရဲ့ လက်ကိုင်ဖုန်းတွေကို ၂၀၂၀ နှစ်လယ်ပိုင်းလောက်က စပြီး ကြားဖြတ်ဖောက်ထွင်းပြီး အစိုးရတွေနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိတွေအတွက်သာ ရနိုင်တဲ့ ခေတ်မီဆန်းပြားတဲ့ စပိုင်ဝဲလ်တွေ ထည့်သွင်း ခံထားရတာ တွေ့ထားတယ်လို့ ကနေဒါ သုတေသနအဖွဲ့တခုက ပြောပါတယ်။

သမ္မတ နာယစ် ဘူခေလေလက်အောက်မှာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မီဒီယာတွေအပေါ် ရန်လိုတဲ့ အခင်းအကျင်းတွေ တိုးလာနေချိန်မှာ ခုလို ဆက်သွယ်ရေး ဖောက်ထွင်းမှုစွဲချက် ပေါ်ထွက်လာတာပါ။

ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ် ကမ္ဘာ့ရေးရာဌာနက စပိုင်ဝဲလ်တွေကို လေ့လာနေတဲ့ The Citizen Lab လက်တွေ့စမ်းသပ်ခန်းက ဒီဖြစ်ရပ်ကို မနှစ်က နှောင်းပိုင်းမှာ တွေ့ခဲ့ပါတယ်။

လက်ကိုင်ဖုန်းတွေကို ဖောက်ထွင်းကျူးကျော်တဲ့ လုပ်ရပ်ကို ၂၀၂၀ ဇူလိုင်ကနေ နိုဝင်ဘာကြားမှာ တွေ့ခဲ့ပြီး အစ္စရေးနိုင်ငံက ပုံစံထုတ်ထားတဲ့ ပေဂက်စ်ဆပ်စ် စပိုင်ဝဲလ် သုံးစွဲမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုတော့ မဖော်ထုတ်နိုင်ဘူးလို့ The Citizen Lab က ပြောခဲ့ပါတယ်။

1 min Ago
Up