close

စမ်းကြီးဝရပ်ကွက်

close

October 5, 2021

ပရဟိတသမားတစ်ဦး စစ်ကြောရေးတွင် သေဆုံး၊ မိသားစုကို အကြောင်းမကြားဘဲ သင်္ဂြိုဟ်

မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ဝိသကြုံ (၂) လမ်းက ပရဟိတသမားတစ်ဦး စစ်ကြောရေးမှာ သေဆုံးသွားခဲ့ကြောင်း မိသားစုကို မဆက်သွယ်ဘဲ ရာအိမ်မှူးကတဆင့် အသိပေးခဲ့တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

ပရဟိတလုပ်ဆောင်သူ  ဦးကြည်စိန်ကို  အောက်တိုဘာ ၁ ရက်နေ့မှာ  အကြမ်းဖက် စစ်ကောင်စီက အကွက်ဆင်ဖမ်းဆီးခဲ့ပြီး ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ခဲ့တာပါ။

ဦးကြည်စိန်ကို  PDF အဖွဲ့‌တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး  အောက်တိုဘာ ၄ ရက်နေ့ စစ်ကြောရေးမှာ ဦးကြည်စိန် သေဆုံးကြောင်းနဲ့ အလောင်းကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်းကို မိသားစု‌တွေကို တိုက်ရိုက်အသိပေးခြင်းမရှိဘဲ ရာအိမ်မှူးမှတဆင့် အသိပေးခဲ့တယ်လို့ နီးစပ်ရာက ဆိုပါတယ်။

ဦးကြည်စိန်ဟာ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ဖြစ်ပြီး ကိုဗစ်တတိယလှိုင်းတွင် ပါဝင် ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦး ဖြစ်ပါတယ်။

1 min Ago
Up