close

စမ်းချောင်းပင်မသပိတ်

close

November 6, 2022

စစ်ကောင်စီ​၏ပစ်မှတ်ထားခံနေရသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ရန်ကုန်ကိုစွန့်ခွာ

စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံး ရန်ကုန်မြို့ကို စွန့်ခွာကာ လွတ်မြောက်နယ်တွေကို အသီးသီးရောက်ရှိနေပြီလို့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

လုံခြုံရေးအခြေအနေတွေအရ ရန်ကုန်မြို့ကို စွန့်ခွာခဲ့ရတာဖြစ်ပြီး သပိတ်စစ်ကြောင်းမှ အဖွဲ့သားတွေဟာ အန္တရာယ်တွေကို ကျော်ဖြတ်ကာ လွတ်မြောက်နယ်မြေကို လုံခြုံဘေးကင်းစွာရောက်ရှိနေပြီဖြစ်သလို လွတ်မြောက်နယ်မြေမှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်ကို အောင်ပွဲနဲ့အတူ မကြာမီပြန်လာမှာဖြစ်ပြီး "ငါမသေ ငါအလံမကျစေရ" စိတ်ဓာတ်ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောထားပါတယ်။

ရန်ကုန်မြို့‌နေ ပြည်သူတွေအနေနဲ့လည်း သပိတ်လူငယ်တွေနဲ့ မြို့ပြပြောက်ကျားရဲဘော်တွေကို  တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြဖို့ စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲဝင်နေဆဲ ဖြစ်တဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်တွေက  မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖြစ်တဲ့ ( Inya Urban Force -IUF) က ရဲဘော်တချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေဟာ လွတ်မြောက်နယ်များမြေကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။

5 mins Ago
Up