close

စမ်းသပ်ထုတ်လုပ်

close

January 29, 2022

MSRUအဖွဲ့က စမ်းသပ်ထုတ်လုပ်သည့် တာဝေးပစ်လက်နက်ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU)ဟာ စမ်းသပ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Mortar နဲ့ စစ်ကောင်စီတပ်တွေကို မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီခွဲလောက်က  ရေးမြို့နယ်  ခမရ (၅၈၆) တပ်ရင်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ည ၁၀ နာရီဝန်းကျင်လောက်မှာ ရန်ကုန်-ထားဝယ် အာရှလမ်းမကြီး ပေါ် မောင်းနှင်လာတဲ့ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကား တစ်စီးကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။ 

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နဲ့ Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ပြင်းထန်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ (MSRU) က ထုတ်ပြန်ပါတယ်။

MSRU နဲ့ YSTF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီးတဲ့နောက် ည ၁၀ နာရီဝန်းကျင်မှာ  စစ်ကောင်စီ ခလရ (၃၄၃) တပ်ရင်းဘက်ကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

11 mins Ago

April 7, 2020

အသက်ရှူကူစက် Ventilator ရှေ့ပြေးပုံစံ  မြန်မာပြည်တွင်း စမ်းသပ်ထုတ်လုပ်

COVID-19 လူနာတွေအပါအဝင် အသက်ရှူဖို့ ခက်ခဲနေတဲ့ လူနာတွေကို ကုသရေးမှာ  အဓိကအသုံးပြုတဲ့ Ventilator - အသက်ရှူကူစက် ဝယ်ယူဖို့ အခက်အခဲတွေ ရှိနိုင်တာကြောင့် အရေးပေါ်ကူညီနိုင်ဖို့  Homemade Medical Ventilator ရှေ့ပြေးပုံစံတွေကို မြန်မာပြည်တွင်းမှာ စမ်းသပ်ထုတ်လုပ်နေပါတယ်။ မန္တလေးမြို့က  UD Group အဖွဲ့သားတွေ စုပေါင်းပြီး   Ventilator - အသက်ရှူကူစက် စမ်းသပ်ထုတ်လုပ်ပုံဖော်နေတာဟာ အခုဆိုရင်တော့   ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပါပြီ။  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသဖို့အတွက် လိုအပ်တဲ့နေရာတွေမှ အသုံးပြုနိုင်ဖို့ ရည်ရွယ် စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး ဒီအသက်ရှူကူစက်ဟာ  အသက်ရှူဖို့ ခက်ခဲနေတဲ့ လူနာတွေ အသက်ကောင်းကောင်းရှူနိုင်ဖို့ အများကြီးအထောက်အပံ့ပေးနိုင်တယ်လို့ UD Group မှ ဦးခင်မောင်ဝင်းက ပြောပါတယ်။   လက်ရှိ ပြည်တွင်းမှာ Ventilator  စက်တန်ဖိုးက သိန်း ၁၃၀ လောက်အထိ ပေါက်ဈေး ရှိနေပေမယ့် ဈေးကွက်အတွင်းမှာ ဝယ်ယူဖို့ကတော့ ခက်ခဲနေပါတယ်။ အခုလို ဖန်တီးထုတ်လုပ်နိုင်ဖို့အတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အသက်ရှူစက်ပုံစံဒီဇိုင်းတွေကို  အင်တာနက်ကနေ အကြိမ်ပေါင်းများစွာ လေ့လာခဲ့တယ်လို့လည်းပြောပါတယ်။  စက်အတွက် ကုန်ကြမ်းပစ္စည်းတန်ဖိုးက ကျပ် ၁၀ သိန်း၊ ၁၅ သိန်းလောက်သာ ကုန်ကျပြီး ၂ ရက်၊ ၃ ရက်လောက်ပဲအချိန်ယူကာ လက်ရှိတော့ ရှေ့ပြေးပုံစံပြအနေနဲ့ အသက်ရှူကူစက် ၃ လုံး စမ်းသပ်ထုတ်လုပ်ထားပါတယ်။ UD Group အနေနဲ့ အခုလို အသက်ရှူစက်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာကမ်းလှမ်းဖို့ ရှိနေပြီး ပြည်တွင်းမှာ လိုအပ်ချက် ရှိလာရင် အသက်ရှူကူစက် ထောင်ချီအထိ ထုတ်လုပ်ပေးသွားဖို့ ရှိတယ်လို့ UD Group မှ ဦးခင်မောင်ဝင်းက ပြောပါတယ်။ လက်ရှိတော့ ဖန်တီးထုတ်လုပ်ထားတဲ့ စက်တွေကို မန္တလေးတိုင်းထဲက ကျန်းမာရေးဆိုင်ရာ ဌာနတွေနဲ့ ကျွမ်းကျင်သူတွေကို ပြသသွားပြီး စက်ပိုင်းဆိုင်ရာ အားသာချက်နဲ့ အားနည်းချက်တွေက ပြင်ဆင်ပြီး  လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ သတင်း - နန့်ခိုင်၊ ဓာတ်ပုံ- UD Group
2 years Ago
Up