close

စာတန်း

close

October 7, 2022

ရန်ကုန်တရားလွှတ်တော်ရုံးရှေ့ စာတန်းချိတ်ဆွဲသည်ဆိုပြီး လူငယ် ၁ ဦးကို စစ်တပ်ကဖမ်းဆီး

ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ စာတန်းချိတ်ဆွဲတယ်ဆိုပြီး ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လူငယ်တယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းမပေါ်ရှိ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက လူငယ်နှစ်ဦး စာလာချိတ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးခဲ့တာလို့ မဟာဗန္ဓုလပန်းခြံအနီး နေထိုင်သူတယောက်က ပြောပါတယ်။

“စစ်တပ်နဲ့ ရဲတွေ လိုက်ဖမ်းတာ ကောင်လေးကိုမိသွားပြီး စစ်တပ်က ထိုးကြိတ်ပြီး ခေါ်လာတာ။ စာချိတ်တယ်၊ မချိတ်တယ်ဆိုတာတော့ မသိဘူး။ ဖမ်းလာတာတော့တွေ့တယ်။”

ဖမ်းဆီးရမိတဲ့ လူငယ်ကို စစ်တပ်က ကျောက်တံတားမြို့မရဲစခန်းကို ခေါ်သွားပြီး မှတ်ပုံတင် ဓာတ်ပုံတွေရိုက်ကာ စစ်ကားနဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။

“မိတဲ့ကောင်လေးက သာကေတကလို့ သိရတယ်။ နာမည်တော့မသိဘူး။ စစ်တပ်က ရဲစခန်းကနေ ပြန်ခေါ်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေက ဆူးလေနဲ့အနီးတဝိုက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ လူငယ်တယောက်ကို လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

12 hours Ago

September 13, 2020

ရန်ကုန်တက္ကသိုလ် သမဂ္ဂရင်ပြင်နီရှေ့ ကပ်ထားသည့်စာများကို ရဲတပ်ဖွဲ့ ဖြုတ်သိမ်း

ရန်ကုန်တက္ကသိုလ် ရင်ပြင်နီရှေ့မှာ ကပ်ထားတဲ့ ‘ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ’၊ ‘ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ’၊ ‘ဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်’ ဆိုတဲ့ စာတန်းတွေကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့က ညတွင်းချင်း လာရောက် ဖြုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။  ရန်ကုန်တက္ကသိုလ်တာဝန်ရှိသူတဦးက “တက္ကသိုလ်အာဏာပိုင်က ဒီအတိုင်းဆက်ထားဖို့ နယ်မြေဝန်ထမ်းတွေကို ပြောထားတာကို ရဲတွေက အသိမပေးဘဲ ဝင်မေးဝင်သိမ်းသွားတာပါ” လို့ ပြောပါတယ်။ စာတန်းချိတ်ဆွဲသူတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ ရဲတပ်ဖွဲ့က အသိပေးသွားတယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ နေရပ်လိပ်စာတွေကို လိုက်လံ စုံစမ်းနေပါတယ်။ ဗကသကျောင်းသားတွေရဲ့ နေအိမ်တွေကို ဝင်မေး၊ ဝင်စစ်တာတွေကိုလည်း တပြိုင်နက် လုပ်နေတယ်လို့လည်း သိရပါတယ်။ နွေလှိုင်း(YU)
2 years Ago
Up