close

စာတိုက်

close

April 4, 2022

ထိုင်း-မြန်မာနယ်စပ်တွင် စာတိုက်မှပို့သည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၇ လက် သိမ်းဆည်းရမိ

မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ်လို့ ယူဆရတဲ့  အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်  ၇ လက်ကို ဧပြီ ၄ ရက် ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး  မယ်လမတ်မြို့နယ်စာတိုက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းမှတဆင့် မယ်လမတ်မြို့နယ်စာတိုက်ကို ရောက်ရှိလာတဲ့  ပါဆယ်ထုပ်ကြီးတွေကို  စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့  ရဲစခန်းထံ အကြောင်းကြားခဲ့ရာကတဆင့် လက်နက်တွေနဲ့အတူ ပစ္စည်းလာထုတ်တဲ့ အမျိုးသားနှစ်ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေဟာ  ရာခိုင်နှုန်းအားဖြင့် ၆၀ လောက်ရှိတဲ့ တပတ်ရစ်သေနတ်တွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကာလပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၁ သိန်းခွဲလောက် တန်ဖိုးရှိနိုင်တယ်လို့   နယ်စပ်ကနေ လက်နက်ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

မဲဆောက်မြို့မြောက်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့  မယ်လမတ်မြို့နယ်ရဲ့ တဘက်ခြမ်း  နယ်ခြားသောင်ရင်းမြစ်ခြားတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် တည်ရှိတာဖြစ်ပါတယ်။

12 hours Ago

July 31, 2020

စာတိုက်ကပို့သည့်မဲများ ပြဿနာဖြစ်မည်ကို စိုးရိမ်ဟု အမေရိကန်သမ္မတပြော

၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို  မရွှေ့ဆိုင်းလိုပေမယ့်  စာတိုက်ကပို့တဲ့ မဲတွေကြောင့် ပြဿနာဖြစ်မှာကို စိုးရိမ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။   ရွေးကောက်ပွဲ  ရွှေ့ဆိုင်းဖို့   အကြံပြုပြီး  နာရီပိုင်းအကြာ ဇူလိုင် ၃၀ ရက် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ထရမ့်က “ကျနော်က ခင်ဗျားတို့ထက်ပိုပြိး ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ရလဒ်ကို  ပိုလိုလားတယ်” လို့  ပြောဆိုခဲ့ပါတယ်။   “ရွေးကောက်ပွဲကို ၃ လ လောက် စောင့်ပြီး နောက်တော့  မဲတွေအကုန်လုံး ပျောက်နေတာကို သိရတာ မလိုလားဘူး။ ဒါဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပာယ်မှ မရှိဘူး” လို့   သမ္မတ ထရမ့်က ပြောပါတယ်။   မကြာသေးခင်က မီဒီယာ သတင်းတွေမှာ ဖော်ပြတဲ့ စာတိုက်ကနေနေ ပေးပို့တဲ့ မဲတွေ  အရောက်နောက်ကျဖွယ်ရှိတဲ့ ပြဿနာတွေကို   သမ္မတ  ထရမ့်က ကိုကားပြောဆိုပါတယ်။    အဲဒီ ပြသနာကို ဖြေရှင်းဖို့ဆိုရင်   သီတင်းပတ်ချီ၊ လချီ၊ နှစ်ချီပြိးတောင် ကြာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။   ဒါ့အပြင် ကလိမ်ကကျစ် ရွေးကောက်ပွဲကို  မလိုလားဘူးလို့ ဆိုပါတယ်။   ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ  ၃ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။ 
2 years Ago
Up