close

စာရေးဆရာကြီးမောင်သာနိုး ဈာပန

close

July 14, 2022

စာရေးဆရာကြီး မောင်သာနိုး၏ ဈာပန (ဓာတ်ပုံ)

မြန်မာစာပေလောကမှာ ထင်ရှားတဲ့  ဝါရင့်စာရေးဆရာကြီး မောင်သာနိုး (အသက် ၉၁) နှစ်ရဲ့ ဈာပန အခမ်းအနားကို ဇူလိုင် ၁၄ ရက် ဒီနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပပါတယ်။

ဆရာကြီးရဲ့နောက်ဆုံးခရီး ဈာပန အခမ်းအနားကို မိသားစုဝင်တွေနဲ့ ဆွေးမျိုးအသိုက်အဝန်းတွေ၊ ရပ်နီးရပ်ဝေးက ကဗျာဆရာတွေ၊ စာရေးဆရာတွေနဲ့ သူ့ကို ချစ်ခင်လေးစားသူတွေ တက်ရောက်ခဲ့ ကြပါတယ်။

အမျိုးသားစာပေတသက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုးဟာဟာ ဝါဆိုလပြည့်  ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့မှာ SSC ဆေးရုံမှာ  ကွယ်လွန်သွားခဲ့တာပါ။ ဆရာကြီး မကွယ်လွန်ခင် စာအုပ် စာပေတွေအမြောက်အမြားရေးသားခဲ့တာမှာ ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ် းစတဲ့ စာလုပ်တွေက လူသိများထင်ရှားသလို  မြန်မာကဗျာနဲ့  စာပေလောကကို အပြောင်းအလဲ တစုံတရာ ဖြစ်စေခဲ့သူလို့လည်း အသိအမှတ်ပြုထားကြပါတယ်။

55 mins Ago
Up