close

စားနပ်ရိက္ခာအကျပ်အတည်း

close

June 16, 2022

ယူကရိန်းစစ်ပွဲကြောင့် စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရွှေ့ပြောင်းနေထိုင်မှု စံချိန်တင်

ယူကရိန်းစစ်ပွဲကြောင့် ဖြစ်လာတဲ့ စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းဟာ ပိုဆင်းရဲတဲ့ နိုင်ငံတွေမှာ လူတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးဖို့ တွန်းအားပေးနေပြီး ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု စံချိန်တင်အဆင့်ကို ပိုမိုမြင့်လာစေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ရဲ့ အကြီးအကဲက ဇွန် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

နှိပ်စက်ညှဉ်းပန်းမှု၊ ပဋိပက္ခ၊ အလွဲသုံးစားမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာတဝန်း လူ ၈၉ ဒသမ ၃ သန်းလောက်ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဇွန် ၁၆ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအချိန်ကစပြီး သန်းနဲ့ချီတဲ့လူတွေ ယူကရိန်းနိုင်ငံထဲကနေ ထွက်ပြေးခဲ့ရပြီး ပြည်တွင်းမှာလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတာပါ။

ပိတ်ဆို့ခံထားရတဲ့ ကောက်ပဲသီးနှံတင်ပို့မှုနဲ့ ဆက်စပ်နေတဲ့ ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့ အတူ တခြားနေရာတွေဆီကို ရွှေ့ပြောင်းတာတွေ ပိုဖြစ်လာခဲ့ပါတယ်။

“စစ်ပွဲ၊ လူ့အခွင့်အရေး၊ ရာသီဥတု အပါအဝင် ကျနော်ဖော်ပြခဲ့တာတွေ အားလုံးရဲ့ ထိပ်မှာ စားနပ်ရိက္ခာ အကျပ်အတည်းရှိနေရင် ဒါဟာ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ ခေတ်ရေစီးကြောင်းတွေကို အရှိန်မြှင့်ပေးလိမ့်မယ်” လို့ UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက ဇွန် ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကိန်းဂဏန်းတွေဟာ "တုန်လှုပ်ချောက်ချားစရာ" ပဲလို့လည်း သူက သတင်းစာရှင်းလင်းပွဲထဲမှာ ပြောခဲ့ပါတယ်။

“ဒါကို မြန်မြန်မဖြေရှင်းနိုင်ရင် သက်ရောက်မှုက တော်တော်ဆိုးသွားလိမ့်မယ်လို့ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ စျေးတက်တာနဲ့ ဆူပူသောင်းကျန်းမှုတွေကြောင့် အာဖရိကတိုက် ဆာဟဲဒေသမှာ လူတွေလည်း ထွက်ပြေးနေရပြီ” လို့ ဂရန်ဒီက ပြောခဲ့ပါတယ်။

1 min Ago
Up