close

စားသောက်တန်း

close

July 18, 2022

အမေရိကန်နိုင်ငံ အင်ဒီယနာပိုလစ်မြို့ရှိ စားသောက်တန်းတွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယာနာပိုလစ်မြို့အပြင်ဘက်က ကုန်တိုက်တန်းရဲ့ စားသောက် ဆိုင်တန်းကို သေနတ်သမားတယောက်က ဇူလိုင် ၁၇ ရက်မှာ ပစ်ခတ်ခဲ့လို့ လူ ၃ ယောက် သေဆုံးပါတယ်။

သေနတ်သမားကိုတော့ အနားက သေနတ်ပါတဲ့ ဖြတ်သွားဖြတ်လာ တယောက်က အသေ ပစ်သတ်ခဲ့တယ်လို့ ရဲတွေက ပြောကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြပါတယ်။

ဂရင်းဝုဒ်ပန်းခြံ ကုန်တိုက်တန်းမှာ ညနေအစောပိုင်းက ပစ်ခတ်မှုအတွင်း တခြားလူ ၂ ယောက် လည်း ဒဏ်ရာရတယ်လို့ ဂရင်းဝုဒ်ရဲစခန်းမှူး ဂျင်မ်အီဆွန်ကို ကိုးကားပြီး ဒေသခံမီဒီယာ အင်ဒီယာနာ ပိုလစ်စတား သတင်းဌာနက ဖော်ပြပါတယ်။ 

ပစ်ခတ်သူဟာ တဦးတည်းဖြစ်ပြီး သူ့မှာ ရိုင်ဖယ်သေနတ်တလက်နဲ့ ကျည်ကတ် အတော်များများ ရှိနေတယ်လို့ ဆိုပါတယ်။

သေဆုံး ဒဏ်ရာရသူ၊ ပစ်ခတ်သူနဲ့ ပစ်ခတ်သူကို အသေပစ်သတ်တဲ့ လမ်းသွားလမ်းလာတို့ရဲ့ နာမည်တွေကို ရဲက မထုတ်ပြန်သေးပါဘူး။

1 min Ago
Up