close

စိတ်ကြွဆေးမှောင်ခိုသမား

close

January 29, 2022

စိတ်ကြွဆေးမှောင်ခိုသမား ၂၇ ဦးကို ဂျော်ဒန်စစ်တပ် သတ်ဖြတ်

အမ်ဖက်တာမင်း စိတ်ကြွဆေးပမာဏ အမြောက်အမြားနဲ့အတူ ဆီးရီးယားကနေ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ မှောင်ခိုကုန်သည် ၂၇ ယောက်ကို ဂျော်ဒန်စစ်သားတွေဟာ နှင်းမုန်တိုင်းအတွင်း သတ်ခဲ့တယ်လို့ ဂျော်ဒန်စစ်တပ် ပြောခွင့်ရက ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

မနှစ်ကစပြီး အလားတူ ဖြစ်ရပ်တွေ အကြိမ်ရေ ပိုများလာနေလို့ စစ်တပ်က မှောင်ခို ကုန်သည်တွေ နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။

ပင်လယ်ကွေ့ ဒေသမှာ ဂျော်ဒန်ရဲ့အဓိက နယ်စပ်ကတဆင့် ဖြတ်ဝင်လာတဲ့ ဆီးရီးယား ကုန်ကားတွေထဲမှာ စိတ်ကြွဆေးအများစုပါတဲ့ မူးယစ်ဆေး အများအပြားကို စစ်တပ်က တွေ့ခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားပြီး လက်ဘနွန်နိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ဟဇ်ဘိုလာ အုပ်စုနဲ့ စစ်သွေးကြွတွေဟာ ဆီးရီးယားတောင်ပိုင်းကို ထိန်းချုပ်ထားတာပါ။

မူးယစ်မှောင်ခိုမှု တိုးလာတဲ့ နောက်ကွယ်မှာ သူတို့ရှိနေတယ်လို့ ဂျော်ဒန် အရာရှိတွေက ပြောပါတယ်။ ဟဇ်ဘိုလာတွေကတော့ စွဲချက်ကို ငြင်းပါတယ်။

2 mins Ago
Up