close

စိတ်ကြွမူးယစ်ဆေးပြား

close

June 4, 2022

မဲဆောက်တွင် မြန်မာအမျိုးသမီး ၂ ဦးကို စိတ်ကြွမူးယစ်ဆေးအချို့နှင့်အတူ ဖမ်းမိ

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ယောက်ထံက စိတ်ကြွမူးယစ်ဆေး ၉၈ လုံးကို ဇွန်လ ၄ ရက်က မဲဆောက်မြို့ မယ်တောင်တိုက်နယ်ရှိ အိမ်တအိမ်မှာ  ဖမ်းဆီးရမိကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေနေထိုင်တဲ့ အိမ်နံပတ်မရှိတဲ့  မဲဆောက်မြို့က အိမ်တလုံးကို  ထိုင်းမူးယစ်နိုမ်နင်းစစ်ဆေးရေးအဖွဲ့က  ဝင်ရောက်ဖမ်းဆီးရာမှာ အသက် ၂၂ နှစ် နဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးကိုတွေ့ရှိခဲ့သလို အခန်းထဲကနေ စိတ်ကြွဆေး (မြင်းဆေး) ၉၈ လုံးတွေ့ရှိလို့  ဖမ်းဆီးလိုက်တာပါ။ 

ဖမ်းမိတဲ့ အမျိုးသမီး ၂ ယောက်ကို  မူးယစ်ဆေးဝါးအမှုနဲ့ရော တရားမဝင်နေထိုင်မှုနဲ့ပါ အမှုနှစ်ခုစလုံးနဲ့ ထိုင်းရဲတပ်ဖွဲ့က ထိုင်းဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့ မဲဆောက်ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

11 mins Ago

April 27, 2022

ဘိုကလေး သင်္ဘောဆိပ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းဆီးမိ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် ၅ ရပ်ကွက် သင်္ဘောဆိပ်ဘောတံတားမှာ ဧပြီ ၂၆ ရက်က စိတ်ကြွမူးယစ်ဆေးဝါး ၉,၈၀၀ ပြား ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

သင်္ဘောဆိပ်ဘောတံတားမှာ မနက် ၈ နာရီလောက်က သတင်းအရ အမှတ် ၇ ရပ်ကွက် ၁၄ လမ်းနေ ကိုနန္ဒာအောင်ကို စစ်ဆေးရာက ခုလို စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၀၀ ပြား ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တဦးက "သတင်းအရ စောင့်ဖမ်းတာပြောတယ်၊ မိတာတော့ အပြား ကိုးထောင်ကျော်ပဲ၊ ဘိုကလေးမှာတော့ ဒီနှစ်ထဲမိတာ အများဆုံးလို့ ပြောရမယ်၊ လောလောဆယ်တော့ မြို့မရဲစခန်းမှာပဲ စစ်နေတုန်း'' လို့ ပြောပါတယ်။

မူးယစ်ဆေးပြား ၉,၈၀၀ ပြားနဲ့အတူ ဖမ်းမိတဲ့ ကိုနန္နာအောင်ကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးပြီး ဝယ်ယူတဲ့လမ်းကြောင်းကို သိရအောင် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့မရဲစခန်းမှာ ကိုနန္ဒာအောင်ကို မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းမိတာ ဒုတိယအကြိမ်ဖြစ်ပြီး ဒီတကြိမ်က ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up