ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြားများ သိန်း ၁၇၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာအရှိတဦးက ပြောပါတယ်။
“မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းအဖွဲ့တွေ သတင်းအရ ဝေသာလီရပ်ကျေးရွာကို သတင်းအရ သွားရောက်ဖမ်းဆီးတာ။”
သတင်းအရ ပူးပေါင်းအဖွဲ့မှ မောင်တောမြို့၊ ဝေသာလီရပ်ကျေးရွာ အနီးရှိ မော်တော်ဆိုင် ကယ် ၁ စီးအား စစ်ဆေးရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၂၄ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၇၁၆.၄၈ သိန်း) အား အမျိုးသားတဦးနဲ့အတူ ဖမ်းဆီရမိခဲ့တာလို့ ဆိုပါတယ်။
မူးယစ်ဆေးတွေနဲ့အတူဖမ်းဆီးရမိခဲ့သူ ကိုဇော်သန်းအား ကွင်းဆက်စစ်ဆေးချက်အရာ မောင်တောမြို့ ရွှေဇား(အလယ်) ကျေးရွာရှိ အေနာအူလ္လာအား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးများနဲ့ ဖမ်းဆီးရမိခဲ့သူ ဇော်သန်းနဲ့ အေနာအူလ္လာတို့အား မောင်တောမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှု ဖွင့်အရေးယူထားတယ်လို့ ရဲမှတ်တွေအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က အောက်တိုဘာ ၈ မှာသတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲလောက်က မင်္ဂလာဒုံ မြို့နယ်၊ ပုလဲ(၂)ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ်(၁၉၉/ဘီ)ခြံဝင်းအတွင်း သတင်းအရဝင်ရောက်ရှာဖွေရာ ခြံဝင်း အတွင်း ရပ်ထားတဲ့ HINO ၁၂ ဘီးမော်တော်ယာဉ်ကို ရာဖွေရာကနေ မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
ကားပေါ်မှာ ယာဉ်မောင်း ဇော်ဝင်း၊ ယာဉ်နောက်လိုက် ဇေယျာနဲ့ မြတ်မိုးတို့ကို တွေ့ရှိရပြီး အဆိုပါယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်းနဲ့အတူ ယာဉ်မောင်း ဇော်ဝင်း ထံမှ ငွေကျပ်သိန်း ၅၀ တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ကနေ မင်္ဂလာဒုံ မြို့နယ်သို့ သယ်ဆောင်လာတာဖြစ်ပြီး ဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူထားတယ်လို့ CCDACက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၅ ခုနှစ် ဇူလိုင်လကုန်လောက်က မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာအိမ်ရာဝင်းအနီး ကုန်တင်ယာဉ်တစ်စီးပေါ်မှာ ကျပ် သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ဖူးပါတယ်။
Photo-CCDAC