အင်္ဂလန်မှာ နှစ်ပေါင်း ၃၅၀ ကျော်အောင် နန်းတက်ပွဲမှာသုံးတဲ့ သမိုင်းဝင် စိန့်အက်ဒ်ဝပ်သရဖူကို လာမယ့်မေလမှာ ကျင်းပမယ့် တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ပြုပြင်မွမ်းမံဖို့ လန်ဒန်မျှော်စင်ကနေ ဖယ်ရှားလိုက်ပြီလို့ ဘက်ကင်ဟမ် နန်းတော်က ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
မျှော်စင်မှာပြထားတဲ့ သရဖူရတနာတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီသရဖူကို ၁၆၆၁ ခုနှစ်က ဒုတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ပြီးကတည်းက ဘုရင်စနစ် ပြန်လည်ထူထောင်ပြီးတဲ့နောက် သုံးခဲ့တာပါ။
စိန့်အက်ဒ်ဝပ်သရဖူကို ၁၆၄၉ ခုနှစ်မှာ အရည်ကျိုခဲ့ပြီး Edward the Confessor ရဲ့ ၁၁ ကြိမ်မြောက် ရာစုနှစ်ထိ တည်တံ့ခဲ့တဲ့ နန်းသက်ကို ရည်ညွှန်းတဲ့ အလယ်ခေတ်ပုံစံနဲ့ အစားထိုးခဲ့ပါတယ်။
တတိယမြောက် ချားလ်စ်ဘုရင်ဟာ လန်ဒန်မြို့ ဝက်စ်မင်စတာ ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပမယ့် ကြီးကျယ်ခမ်းနားတဲ့ နန်းတက်ပွဲအခမ်းအနားမှာ စိန့်အက်ဒ်ဝပ်သရဖူကို ဆောင်းမှာဖြစ်ပြီး ဝတ်ပြုချိန်အတွင်း Imperial State သရဖူကိုလည်း ဝတ်ဆင်မှာ ဖြစ်ပါတယ်။
ပတ္တမြား၊ ခရမ်းစွဲ၊ နီလာ၊ ဥဒေါင်၊ ဥဿဖယားနဲ့ မဟူရာတို့နဲ့ စီခြယ်ထားပြီး ခိုင်မာတဲ့ ရွှေဘောင်နဲ့ လုပ်ထားတဲ့ စိန့်အက်ဒ်ဝပ် သရဖူဟာ မူလ အလယ်ခေတ်လက်ရာအတိုင်း လက်ဝါးကပ်တိုင် လေးခုနဲ့ လီလီပန်းခိုင် သင်္ကေတလေးခု၊ ကတ္တီပါဦးထုပ်တို့ ပါရှိပါတယ်။