close

စိန်ခေါ်နိုင်မည့်အသင်း

close

July 30, 2022

လာမယ့်ရာသီတွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းများစွာရှိဟု မန်စီးတီးနည်းပြပြော

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်းများစွာရှိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။

လက်ရှိချန်ပီယံမန်စီးတီးအတွက် ချန်ပီယံဆု ကာကွယ်ဖို့အတွက် လီဗာပူးတစ်သင်းတည်း ပဲရှိတာမဟုတ်ဘဲ ငွေကြေးများစွာသုံးစွဲပြီး ပြင်ဆင်နေကြတဲ့အသင်းတွေကြောင့် နှစ်ကောင်းတည်းပြေးတဲ့ ပြိုင်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောပါတယ်။

အဲဒီကလပ်အသင်းတွေရဲ့ နည်းပြတွေ၊ ကစားသမားတွေနဲ့ သမိုင်းအစဉ်အလာကို ကြည့်မယ်ဆိုရင် ချန်ပီယံကို စိန်ခေါ်နိုင်မယ့်အသင်းတွေ ပိုများလာမယ်လို့ထင်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ ဒီကနေ့ ည ၁ဝ နာရီမှာ လီဗာပူးအသင်းနဲ့ ကွန်မြုနတီဒိုင်း ဗိုလ်လုပွဲကစားဖို့ရှိပြီး မိုဆာလာက အခြိမ်းခြောက်နိုင်ဆုံးကစားသမားဖြစ်ပေမယ့် နိုင်ပွဲရအောင် ကစားသွားမယ်လို့ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။ 

1 min Ago
Up