မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ နေပူရွာ ၄၁×၄၂ ကြားနဲ့ ၉၀×၉၁ ကြားက လူနေအိမ်တွေမှာ မတ်လ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်တွေနဲ့ Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ မန္တလေးတိုင်းမီးသတ်ဌာနက ပြောပါတယ်။
မနက် ၂ နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ Level 1 အဆင့်နဲ့ နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရတာကြောင့် မနက် ၃ နာရီမှာ ငြိမ်းသွားတယ်လို့သိရပြီး မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
“လောလောဆယ်မှာတော့ အိမ်ခြေက ၉ လုံး၊ လူထိခိုက်မှုတော့ မရှိပါဘူး။ ဘယ်က စလောင်တာလဲဆိုတာ ကျနော်တို့ စစ်ဆေးဆဲပါ။ ဆုံးရှုံးမှုတန်ဖိုးလည်း တွက်ချက်နေဆဲပါ” လို့ မန္တလေးတိုင်း မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မန္တလေးမှာ မတ်လထဲ မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မဟာအောင်မြေ တမြို့နယ်တည်းမှာ မတ်လ ၅ ရက်က ၃၇×၃၈၊ ၈၂×၈၃ ကြားရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက် မီးလောင်မှု၊ မတ်လ ၁၀ ရက်မှာ ၄၁×၄၂ ကြား၊ ၉၀×၉၁ ကြားက စိန်ပန်းရပ် နေပူရွာ မီးလောင်မှုနဲ့ မတ်လ ၇ ရက်က အောင်မြေသာစံမြို့နယ်၊ တည်ကုန်းရပ်ကွက် မီးလောင်မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ် ၊ ၃၈လမ်း၊ လမ်း ၉၀ နဲ့ ၉၁ ကြားမှာ မေ ၂၈ ရက် ညနေ ၅ နာရီကျော်လောက်က အမျိုးသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့သူတွေဟာ ရာအိမ်မှူး ဦးရန်နိုင်ကျော် နဲ့ အတူပါလာတဲ့ ဦးအောင်ကျော်မိုး တို့ဖြစ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ ၂ ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။
ရာအိမ်မှူး ဦးရန်နိုင်ကျော် (ခ) ထော့ကျိုးကို စစ်ကောင်စီ သတင်းပေးဆိုကာ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ GENERATION POW က ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ရာအိမ်မှူး ဦးရန်နိုင်ကျော် နဲ့ အတူပါလာတဲ့ ဦးအောင်ကျော်မိုးဟာ ဝင်ရောက် ကာကွယ်မှုကြောင့် ထိမှန်သွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးရန်နိုင်ကျော်နဲ့ ဦးအောင်ကျော်မိုး တို့ ပစ်သတ်ခံရအပြီးမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။