close

စိန်ရတု

close

February 19, 2023

စိန်ရတု ချင်းအမျိုးသား​နေ့ပွဲ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ကျင်းပ (ဓာတ်ပုံ)

၇၅ နှစ်ပြည့် စိန်ရတု ချင်းအမျိုးသား​နေ့ အခမ်းအနားကို  နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က ရိုးရာယဉ်ကျေးမှု အကတွေ ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေနဲ့အတူ ကျင်းပပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း အတိဒုက္ခရောက်နေကြရတဲ့ ချင်းပြည်နယ် စစ်ဘေးရှောင်တွေအတွက်၊ အလှူငွေတွေကောက်ခံပြီး ရန်ပုံငွေအဖြစ် ကံစမ်းမဲဖွင့်လှစ်တာ၊ ရိုးရာအစားအသောက်တွေကို ရောင်းချခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ပွဲမှာ နယ်သာလန်နိုင်ငံအပြင် အိမ်နီးချင်း ဘယ်ဂျီယံ၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီစတဲ့ နိုင်ငံတွေရောက် ချင်းတိုင်းရင်းသူ တိုင်းရင်းသားတွေလည်း  စုစုပေါင်းလူဦးရေ ၃၀၀ လောက် လာရောက်ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

51 seconds Ago

December 16, 2022

ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်နိုင်တော့မည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ကြွားလုံးထုတ်

မြန်မာစစ်တပ်အနေနဲ့ ဝေဟင်၊ မြေပြင်၊ ရေပြင်နဲ့ ရေအောက် Dimension လေးခု စလုံးမှာ စွမ်းအားပြည့် စစ်ဆင်နိုင်တော့မယ်လို့   အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီလေတပ် ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို   ဒီဇင်ဘာ ၁၅ ရက်မနက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်မှာ ကျင်းပရာမှာ စစ်ခေါင်းဆောင်က ပြောကြားလိုက်တာပါ။

ဒီပွဲမှာ မြန်မာလေတပ်အတွက် ပထမဦးဆုံး စတင်အသုံးပြုတဲ့  စတုတ္ထမျိုးဆက်လွန် Heavy Fighter  ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SME ၊ ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ် FTC 2000G လေယာဉ်၊ Y-8  သယ်ယူပို့ဆောင်ရေး လေယာဉ်၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်၊ FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နဲ့  K-8W အမောင်းသင်ဂျက်တိုက်လေယာဉ်နဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် အမျိုးအစားတွေကို တပ်တော်ဝင်အခမ်းအနားနဲ့အတူကျင်းပသွားပါတယ်။

အခုတပ်တော်ဝင်မယ့် လေယာဉ်၊ ရဟတ်ယာဉ်အသစ်တွေရဲ့ စွမ်းပကားတွေ ထပ်မံပေါင်းစပ်လိုက်မယ်ဆိုရင်  တပ်မတော်(လေ)အနေနဲ့ မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုတွေပါ ဆောင်ရွက် နိုင်မှာဖြစ်လို့ ဝေဟင်၊ မြေပြင်၊ ရေပြင်နဲ့ ရေအောက် Dimension လေးခု လုံးမှာ စွမ်းအားပြည့် စစ်ဆင်နိုင်တော့မယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားမှာ ပြောကြားသွားပါတယ်။

ဒီအခမ်းအနားမှာ စစ်လေယာဉ်တွေ စွမ်းရည်ပြပျံသန်းတာနဲ့ အုပ်စုဖွဲ့ပျံသန်းတွေလည်း ပြုလုပ်သွားခဲ့ပြီး စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်ကအရာရှိကြီးတွေနဲ့ ဇနီးမယားတွေ တက်ရောက်ခဲ့ကြပါတယ်။

တည်ထောင်ခဲ့တာ ၇၅ နှစ်ကြာရှိနေပြီဖြစ်တဲ့ မြန်မာလေတပ်သမိုင်းမှာ ပြည်ပရန်ကို ကာကွယ်ခဲ့ရတာ သိပ်မများများစားစားမရှိခဲ့ဘဲ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုသာ အဓိက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာမက ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ရာမှာလည်း မြေပြင်တပ်တွေ အရေးနိမ့်နေတာကြောင့် လေကြောင်းအားကိုးနဲ့ အဓိက စစ်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အပြစ်မဲ့ ကျောင်းသားကလေးငယ်တွေ၊ စတိတ်ရှိုးဖျော်ဖြေပွဲတွေ၊  ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကိုပါမကျန်  တိုက်ခိုက်ရေး လေယာဉ်တွေ ရဟတ်ယာဉ်တွေအသုံးပြုပြီး  ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Photo-DSINFO

2 months Ago
Up