close

စိန်

close

May 10, 2023

စိန်ဖြင့်လုပ်ထားသည့် လက်ဝတ်ရတနာများကို ပြည်ပတင်ပို့ခွင့်ပြု

တွင်းထွက်ပစ္စည်းဖြစ်တဲ့ စိန်ကို အရင်က ပြည်ပတင်ပို့ခွင့် လုံးဝပိတ်ပင်ထားရာကနေ လက်ဝတ်ရတနာအဖြစ် ပြုလုပ်ထားခြင်းမရှိတဲ့ စိန်အလွတ်တွေကိုသာ ပြည်ပတင်ပို့ခွင့် ပိတ်ပင်သွားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောင်းလဲထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ တွင်းထွက်ပစ္စည်းနဲ့ ဓာတ်သတ္တုပစ္စည်းတွေဖြစ်တဲ့ စိန်၊ ရေနံစိမ်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ်၊ ဆင်၊ မြင်းနဲ့ ရှားပါး တိရစ္ဆာန်တွေ၊ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရှေးဟောင်းပစ္စည်း စတာတွေကို ပြည်ပတင်ပို့ခွင့် မပြုတဲ့ ပစ္စည်းတွေအဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။

အခုအခါ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပကို တင်ပို့ခွင့်မပြုတဲ့ ပစ္စည်းတွေ သတ်မှတ်ထုတ်ပြန်ခြင်း အမိန့်ကြော်ငြာစာကို ပြင်ဆင် ထုတ်ပြန်လိုက်တာပါ။

အဲဒီလို ပြင်ဆင်ထုတ်ပြန်ရာမှာ “စိန်” ဆိုတဲ့ စကားရပ်နေရာမှာ “လက်ဝတ်ရတနာအဖြစ် ပြုလုပ်ထားခြင်းမရှိသည့် စိန်အလွတ်များ” လို့ အစားထိုးပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

9 hours Ago

November 26, 2019

ဂျာမန်ပြတိုက်ရှိ စိန်နှင့် ပတ္တမြားစီခြယ် အဖိုးတန်လက်ဝတ်ရတနာ ၃ ခု ခိုးယူခံရ 

ဂျာမနီနိုင်ငံ အရှေ့ပိုင်းက ပြတိုက်တခုကနေ ၁၈ ရာစုက စိန်တွေ၊ ပတ္တမြားတွေနဲ့ မြတွေ စီခြယ်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဝတ်ရတနာ ၃ ခုကို သူခိုးတွေက မနေ့မနက်အစောပိုင်းမှာ ခိုးယူသွားခဲ့တယ်လို့ ဒရတ်စ်ဒန်မြို့ ရဲနဲ့ ပြတိုက် အရာရှိတွေက ပြောပါတယ်။  အမျိုးသား ၂ ယောက်က ဒရက်စ်ဒန် နန်းတော်ထဲက ဂရင်းဗော့ထ် ပြတိုက်ထဲကို ပြတင်းပေါက်ကတဆင့် ဖောက်ထွင်းဝင်လာပုံကို လုံခြုံရေး ကင်မရာတွေက ရုပ်သံ ရိုက်ကူးထားခဲ့တာပါ။ သူတို့ဟာ ပြခန်း ၃ ခုကို ဖျက်ဆီးပြီး တခြား အသုံးအဆောင်ပစ္စည်းတွေကို ဖယ်ရှားရင်း လက်ဝတ်ရတနာတွေကို ခိုးယူသွားခဲ့ပါတယ်။ ပြတိုက်ညွှန်မှူး မာရီယွန် အက်ခ်ခါမဲန်းက “အခိုးခံရတဲ့ ဒီပစ္စည်းတွေကို သာမန် ဈေးကွက်ထဲမှာ ရောင်းချဖို့ မဖြစ်နိုင်ဘူး။ ဒီပစ္စည်းတွေဟာ အနုပညာသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းအရ တန်ဖိုးမဖြတ်နိုင်ဘူး”လို့ ပြောပါတယ်။ လုယက်မှု ကျူးလွန်ချိန်မှာ လမ်းမီးတွေ ပျက်နေပြီး ပြတိုက်အပြင်ဘက်က ရင်ပြင်တခုလုံး မှောင်မည်းနေတယ်လို့ ရာဇဝတ်မှုဆိုင်ရာ ရဲချုပ် ဗောလ်ကာ လန်းဂ်က ပြောပါတယ်။
3 years Ago
Up