close

စိုက်ပျိုးရေးဦးစီးဌာန

close

May 30, 2021

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်း ၁၀၉ ဦး ရာထူးမှ ထုတ်ပယ်ခံရ

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်း ၁၀၉ ဦးကို ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မေလ ၂၁ ရက်နေ့မှာ ရာထူးမှ ထုတ်ပယ်ခဲ့တာပါ။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေထဲမှာ မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်စလုံးရှိ စိုက်ပျိုးရေးဦးစီးဌာနက ဒုဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး‌တွေအပြင် အစောင့်ဝန်ထမ်းတွေပါ ပါဝင်ပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်း‌တွေအနေနဲ့ ၆ လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ အယူခံဝင်နိုင်တယ်လို့ အကြမ်းဖက် စစ်ကောင်စီက ဆိုပါတယ်။

4 mins Ago
Up