close

စိုင်ပြင်မြို့နယ်

close

June 15, 2021

စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့နယ်မှာ ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲလောက်က အမျိုးသား ၁ ဦးကို အမည်မသိ သေနတ်သမား ၃ ယောက်က ပစ်သတ်သွားပါတယ်။   

စစ်တပ်သတင်းပေး ဒလန်လို့ နာမည်ကြီးနေတဲ့ ကိုမော်စီတိုးဆိုသူ အသတ်ခံရတာလို့   စိုင်းပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူကစစ်တပ်ကို သတင်းတွေပေးတဲ့သူ။ ကျနော်တို့ စိုင်ပြင်မြို့အဝင်မှာရှိတဲ့ သူ့စျေးဆိုင်မှာ ထိုင်နေတုန်း  အမည်မသိလူ သုံးယောက်က  သေနတ်နဲ့ ဝင်ပစ်သွားတာ”။  

စစ်ကိုင်းတိုင်းမှာ စစ်ကောင်ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်တွေ အသတ်ခံရတာ  အများအပြားရှိခဲ့ပါတယ်။ 

53 seconds Ago
Up