close

စိုင်ပြင်မြို့

close

October 27, 2021

စိုင်ပြင်မြို့က ဈေးနှစ်ခုလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ယာယီပိတ်ခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က ကျေးရွာပေါင်း ၂၀၀ လောက် အားထားနေရတဲ့ ပုံမှန်ဈေးနဲ့ ယာယီဈေးနှစ်ခုလုံးကို ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက ပိတ်ခိုင်းလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက စိုင်ပြင်ဈေးဂိတ်ပေါက်မှာ ဈေးကောက်ဝန်ထမ်းတစ်ဦးအား လူလေးယောက်က ဓားနဲ့ ထိုးပြီး သတ်ဖြတ်ခဲ့တာကြောင့် ရက်အကန့်အသတ်မရှိ ဈေးယာယီပိတ်လိုက်တာလို့ ဈေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စိုင်ပြင်မြို့မှာရှိတဲ့ နယ်ထိန်းအဆင့်ရှိသူ တစ်ဦးနဲ့တပ်သားနှစ်ဦးက လာရောက်ပိတ်ခိုင်းခဲ့တာလို့ စိုင်ပြင်ဈေးရောင်းသူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အခုဟာက ဘာမှမပြောဘူး ဈေးတွေပိတ်ရမယ်လို့ပဲ ပြောတယ်။ ဘာကြောင့်ပိတ်ရတယ်လို့တော့ ပြောမသွားဘူးဗျ။ လာအပိတ်ခိုင်းတာက နယ်ထိန်းအဆင့်ရှိသူတစ်ယောက်ပါတယ်။ နောက်တော့ တပ်သားအဆင့် နှစ်ယောက်နဲ့ ပိတ်ခိုင်းသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ရုတ်တရက် ဈေးပိတ်လိုက်တာကြောင့် လက်ရှိအချိန်မှာ ကုန်းစိမ်းသည်တွေအပါအဝင် တခြားဈေးသည်တွေ အပျက်အစီးအဆုံးအရှုံး ရှိနေတယ်လို့ သိရပါတယ်။

“ကုန်ပစ္စည်းက ကုန်စိမ်းဆိုတော့ တစ်ရက်ဆိုတစ်ရက်သိသာတယ်လေ။ တစ်ရက်မရောင်းရရင် တစ်ရက်ပျက်စီးတာ။ အခုလို ရုတ်တရက် ပိတ်ခိုင်းလိုက်တာဆိုတော့ ဘာပြောရမယ်မှန်းမသိတော့ပါဘူးရှင်။ ကျမက ခရမ်းချဉ်သီး၊ အသီး အရွက်နဲ့ ဘုရာပန်းတွေတစ်ပတ်စာ ဝယ်ရောင်းလုပ်နေတာ” လို့ ကုန်စိမ်းဈေးသည်တစ်ဦးကပြောပါတယ်။

စိုင်ပြင်မြို့က ဈေးကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် ဒေသတွင်း ပြည်သူအများအပြား ချက်ပြုတ်ရေး ပစ္စည်းများဝယ်ယူရာမှာ အခက်အခဲနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး လာသမျှလူကို တင်းတင်းကြပ်ကြပ်စစ်ဆေးကာ  ဖမ်းဆီးပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းတာကြောင့် အခြားမြို့နယ်တွေကနေ ဈေးလာဝယ်သူတွေလည်း အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

59 seconds Ago

August 25, 2021

စိုင်ပြင်မြို့က လျှပ်စစ်ဝန်ထမ်းတစ်ဦးကို ရဲတစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွား

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က လျှပ်စစ်နေစားဝန်ထမ်း ကိုချပ်ပြားကို ရဲတစ်ဦးက ဩဂုတ် ၂၄ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်က ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ မျက်မြင်ဝန်ထမ်းတစ်ဦးက “အချိန်ကတော့ ‌၉ နာရီလောက်ဖြစ်မယ်။ အဲလူက လျှပ်စစ်နေစားဝန်ထမ်းလုပ်နေတာ။ သူရုံးကနေ သူယောက္ခမအိမ်အပြန်မှာ ပထမ ရဲစခန်းရှေ့ရောက်တော့ ရဲတစ်ယောက်ကစပြီး စစ်တယ်။ အဲဒီလိုစစ်‌ဆေးနေတဲ့အချိန် ကျန်တဲအရက်သေသောက်မူးနေတဲ့ ရဲတစ်ယောက်က မပြောအဆိုနဲ့ နောက်ကနေ လည်ပင်းကို ဓားနဲ့ဝင်ထိုးလိုက်တယ်။ သေမလား၊ ရှင်မလားတော့ မသိဘူး။ စစ်ကားကြီးနဲ့ အမြန်‌မောင်းပြီး နမခဆေးရုံတော့ ခေါ်သွားကြတယ်” လို့ ပြောပါတယ်။

ဆေးရုံရောက်ရှိနေတဲ့ လျှပ်စစ်ဝန်ထမ်းရဲ့အခြေအနေကိုတော့ ဒီဗွီဘီက မေးမြန်းနေဆဲ ဖြစ်ပါတယ်။

2 months Ago
Up