close

စီဘီစီသတင်းဌာန

close

May 19, 2022

ကနေဒါအခြေစိုက် စီဘီစီသတင်းဌာန၏ မော်စကိုရုံးခွဲကို ရုရှားပိတ်ပစ်

ကနေဒါအခြေစိုက် စီဘီစီသတင်းဌာနရဲ့ မော်စကိုဌာနခွဲကို ပိတ်ပစ်ပြီး သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာနဲ့ တရားဝင် အသိအမှတ်ပြုလွှာကို ရုပ်သိမ်းလိုက်ပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

ကနေဒါအစိုးရက ရုရှားအစိုးရရုပ်သံဖြစ်တဲ့ Russia Today သတင်းဌာနကို ပိတ်လိုက်လို့ လက်တုံ့ပြန်တာလို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

စီဘီစီသတင်းဌာနရဲ့ မော်စကိုဗျူရိုကတော့ မှတ်ချက်အတွက် မေတ္တာရပ်ခံချက်ကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ဇာခါရိုဗာကတော့ ကနေဒါအစိုးရဟာ ရုရှားအကြောက်လွန်ရောဂါ လမ်းကြောင်းကို ရွေးခဲ့တယ်လို့ ပြောပါတယ်။

ကနေဒါအစိုးရဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သူ့ရဲ့ အစိုးရနဲ့ စစ်တပ်ကအဖွဲ့ဝင် အယောက် ၁၀၀၀ လောက်ကို ကနေဒါနိုင်ငံအတွင်း ပြည်ဝင်ခွင့်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ မေ ၁၇ ရက်က တင်သွင်းလိုက်ပါတယ်။

ကနေဒါဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ဆက်ပြီး ပိတ်ဆို့ အရေးယူနေပါတယ်။

2 mins Ago
Up