close

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

close

April 28, 2022

ပို့ကုန်ရငွေ ဘဏ်စာရင်း မသွင်းသည့် ကုမ္ပဏီ ၁၇၇ ကို အရေးယူထားဟု စစ်ကောင်စီ ကြေညာ

သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ဘဏ်စာရင်းထဲ ထည့်သွင်းရမယ့် အမိန့်ညွှန်ကြားချက်ကို မလိုက်နာတဲ့ ကုမ္ပဏီပေါင်း ၁၇၇ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီး အရေးယူထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ မထည့်သွင်းတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဧပြီ ၂၇ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးစာ ထုတ်ပြန်ထားတာပါ။

ပ်ို့ကုန်လုပ်ငန်းတွေက  ပို့ကုန်ရငွေကို တင်ပို့တဲ့နေ့ကနေ ၃ လအတွင်း ပြည်တွင်းက ဘဏ်စာရင်းကို နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားထားတာပါ။

ပို့ကုန်ကနေရတဲ့ နိုင်ငံခြားသုံးငွေနဲ့တွေကို အလုပ်လုပ်ရက် တရက်အတွင်းမှာ သတ်မှတ်ငွေလဲနှုန်းနဲ့ လဲလှယ်ရမယ်လို့လည်း စစ်ကောင်စီကကြေညာထားပြီး နောက်ပိုင်းမှာတော့ ပြည်ပကုမ္ပဏီတွေ၊ သံရုံးတွေနဲ့ နယ်စပ်ကုန်သွယ်မှုတွေကို ကင်းလွတ်ခွင့်တွေ ထုတ်ပြန်ခဲ့ပါတယ်။

2 hours Ago

April 24, 2020

နိုင်ငံတော် အရန်ရိက္ခာဝယ်ယူရန် ငွေကျပ် ၃၈ ဘီလီယံ ခွင့်ပြုချက်ရရှိထား

နိုင်ငံတော် အရန်ရိက္ခာဝယ်ယူဖို့ ငွေကျပ် ၃၈ ဘီလီယံ ခွင့်ပြုချက်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောတယ်။ ဧပြီ ၂၂ ရက်ကပြုလုပ်တဲ့ နိုင်ငံတော်အရန်ရိက္ခာဝယ်ယူစုဆောင်ရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအဆင်ပြေ ချော့မွေ့စေရေးအွန်လိုင်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ ဒီခွင့်ပြုငွေနဲ့ အရေးပေါ်ရိက္ခာအဖြစ် အဓိကကျတဲ့ ဆန်နဲ့ဆီကိုဝယ်ယူသွားမှာဖြစ်ပြီး၊ ဆန်တန်ချိန် ၅၀၀၀၀ ၊ စားအုန်းဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူသွားမယ်လို့ဆိုပါတယ်။  ဒီနိုင်ငံတော် အရန်ရိက္ခာတွေကို COVID-19 ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာပါက အရေးပေါ် ရိက္ခာအဖြစ်နဲ့ သုံးစွဲသွားမှာပါ။ ရိက္ခာ၀ယ်ယူရေးကိစ္စအတွက် ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနဲ့ မန္တလေးတိုင်းက ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ ၀န်ကြီးဌာနအနေနဲ့ COVID-19 ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေဖို့ အခြေခံလူတန်းစားတွေဆီကို ကုန်စည်ဖြန့်ဖြူးရာမှာ အဆင်ပြေချော့မွေ့စေဖို့ အတွက်လည်း ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။  သတင်း- စိုးချစ်ပိုင်၊ ဓာတ်ပုံ- U Than Myint
2 years Ago
Up