close

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

close

February 19, 2022

အိန္ဒိယနှင့် ယူအေအီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ထိုး

အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့အကြား ကျယ်ပြန့်စွာဆောင်ရွက်မယ့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကို ဖေဖော်ဝါရီ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

၅ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထက် ကျော်လွန်ဖို့ ကုန်ပစ္စည်းအားလုံး  စည်းကြပ်အခွန်လွတ်ကင်းရေးကို ဦးတည်မှု ပါဝင်ပါတယ်။ လက်မှတ်ထိုးပွဲ အခမ်းအနားကို အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ယူအေအီးသမ္မတ အလ်နာဟာယန်း တို့ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။ 

The Comprehensive Economic Partnership Agreement (CEPA) စာချုပ်မှာ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ‌နှစ်နိုင်ငံကြား ရေနံမဟုတ်တဲ့ကုန်ပစ္စည်း ဒေါ်လာ ၄၅ ဘီလီယံကနေ ဒေါ်လာ ၁၀၀ ဘီလီယံအထိ ကုန်သွယ်ဖို့ သဘောတူထားပါတယ်။ 

ယူအေအီး နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး သာနီအယ်လ်ဇီယူဒီက နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ်  စည်းကြပ် ကောက်ခံမှု ၈၀ ရာခိုင်နှုန်း လျော့ချဖို့နဲ့ ၁၀ နှစ်အတွင်း စည်းကြပ်မှုအားလုံး ဖယ်ရှားဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။ 

စည်းကြပ်အခွန်လွတ်ကင်းမှုကြောင့် ယူအေအီးက အလူမီနီယံ၊ ကြေးနီနဲ့ ရေနံဓာတု စတဲ့ကုန်ပစ္စည်းတွေ ကနေ အကျိုးအမြတ်ရရှိမှာပါ။ 

၂၀၃၀ မှာ အိန္ဒိယရဲ့ အဆင့်မြင့်ကျွမ်းကျင်လုပ်သား ၁၄၀,၀၀၀ ကို ယူအေအီးက အလုပ်ခန့်ထားဖို့ ဗီဇာခွင့်ပြုပေးရမှာပါ။ 

အိန္ဒိယဟာ ယူအေအီးနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး၊ လက်ရှိ အိန္ဒိယနိုင်ငံသား ၃ သန်း ကျော် ယူအေအီးမှာ အလုပ်လုပ်ကိုင်နေတာပါ။

11 mins Ago
Up