ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ရပ်တန့်နိုင်ရန် စုပေါင်းလုပ်ဆောင်အားလိုအပ်ကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီက ဗိုလ်လုပွဲမတိုင်ခင် ပြောပါတယ်။
အာဂျင်တီးနားကစားသမားတွေနဲ့ အမ်ဘာပေကို ရပ်တန့်နိုင်ဖို့ဆိုရင် စုပေါင်းလုပ်ဆောင်အား လိုအပ်ကြောင်း၊ ပြင်သစ်အသင်းက အမ်ဘာပေ တစ်ယောက်ပဲရှိတာ မဟုတ်တာကြောင့် စည်းလုံးညီညွတ်မှုရှိရှိနဲ့ အာရုံစိုက်ကစားဖို့လိုအပ်ကြောင်း နည်းပြစကယ်လိုနီကပြောပါတယ်။
“အမ်ဘာပေကို ရပ်တန့်ဖို့ စုပေါင်းလုပ်ဆောင်အားလိုပါတယ်။ တနင်္ဂနွေဗိုလ်လုပွဲက မက်ဆီနဲ့ အမ်ဘာပေတို့ ထက်ပိုပါတယ်။ အာဂျင်တီးနားနဲ့ ပြင်သစ်ပွဲစဉ်ဖြစ်တယ်။ ကျနော်တို့ နှစ်သင်းစ လုံးမှာ အရေးပါတဲ့ လက်နက်တွေရှိ ကြတာကြောင့် တခြားကစား သမားတွေကလည်းပွဲအဖြေကို အဆုံးအဖြတ်ပေးသွားနိုင်တယ်”လို့ အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲတုန်းက အာဂျင်တီးနားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူကျော် ဖြတ်ခဲ့ဖူးပါတယ်။