close

စုပေါင်းလှူဒါန်း

close

June 1, 2021

စစ်ဘေးရှောင်ပြည်သူများအတွက် ထိုင်းရောက်မြန်မာများ စုပေါင်းလှူဒါန်း

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး အလှူခံပေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ မေလကနေ စတင်ကာ ၁၅ ရက်တစ်ခါ လုပ်အားခ ပိုက်ဆံထုတ်တိုင်း လိုက်လံပြီး အလှူငွေကောက်ခံခဲ့တာ မနေ့ညက စာရင်းချုပ်ချိန်မှာ ထိုင်းဘတ်ငွေ ၃၀၁၀၀ ရရှိထားပြီးလို့ ပါဝင်သူ တဦးက ပြောပါတယ်။

" အဓိက စစ်ဘေးရှောင်တွေအတွက် မြန်မာတွေရှိတဲ့ လိုင်းခန်းတွေမှာ လိုက်ကောက်ပါတယ်။ ည ၁၀ နာရီ OT ပြီးတဲ့ အချိန်လည်း စောင့်ကောက်ယူပါတယ်။ ဘတ်ငွေ သုံးသောင်းကျော်ရရှိထားပါပြီ '' လို့ပြောပါတယ်။

ကောက်ခံလို့ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၃၀၀၀၀ ကျော်ကို  မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်တွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်စခန်းတွေအတွက် တောင်ကိုရီးယားနိုင်ငံမှာလည်း ခုလို မြန်မာနိုင်ငံသားတွေစုပေါင်းပြီး အလှူခံပေးနေတာရှိပါတယ်။

6 mins Ago

May 12, 2020

ပုသိမ်တွင် စားဝတ်နေရေး အခက်အခဲတွေ့နေသူ  ၄၅၀ ကျော်အတွက် စုပေါင်းလှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ  COVID-19 ကပ်ဘေးကာလ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစား ၄၅၀ ကျော်ကို လူမှုစုပေါင်းအဖွဲ့က အခြေခံစားသောက်ကုန်တွေကို မေလ ၁၀ ရက်က လှူဒါန်းခဲ့ပါတယ်။ အလှူမပြုလုပ်ခင် ရပ်ကွက်ကို အရင်ဆင်းကြည့်ပြီးမှ တကယ်စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး တကယ်ဆင်းရဲတဲ့ အိမ်တွေကိုရှာဖွေပြီး လှူဒါန်းနိုင်ဖို့ ကြိုတင်စီစဉ်ပြီးမှ ထိရောက်မှု ရှိအောင်လှူဒါန်းခဲ့တာလို့ ပုသိမ်လူမှုညီအစ်ကိုများအဖွဲ့ဝင် ဦးစိန်မြင့်က ပြောပါတယ်။ "အခြေခံစားသုံးကုန်တွေထောက်ပံ့ပေးတဲ့အခါ တကယ်လိုအပ်တဲ့ အိမ်တွေ ဆင်းရဲတဲ့အိမ်တွေကို မျက်မြင်ကြည့်ခဲ့လှူပေးသလို အစိုးရက ထောက်ပံ့တာမရတဲ့ သူတွေကို ဦးစားပေးပြီး ပေးပါတယ်" ပုသိမ်မြို့လူမှုညီအစ်ကိုများအဖွဲ့အနေနဲ့  တကယ်လိုအပ်တဲ့ စားဝတ်နေရေးအခက်အခဲဖြစ် နေတဲ့ ပြည်သူတွေကို ရပ်ကွက်ထဲလိုက်လံကြည့်ရှုပြီး အလှူရှင်တွေထံက အလှူခံပြီး တဆင့် ပြန်လှူပေးတာဖြစ်ပါတယ်။ ဒါကြောင့်ခုနောက်ပိုင်းတော့ အလှူရှင်တွေ နည်းပါးလာလို့ နောက်ထပ်လှူဒါန်းဖို့အတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။   အမှတ် ၅ ရပ်ကွက်နေ ဦးပေါက်စက "အရောင်းအဝယ်တွေကလည်း မကောင်းတော့ ဒီကာလမှာ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ ဒီလိုမျိုးလိုက်လှူပေးတယ်ဆိုတော့ ဝမ်းလည်း ဝမ်းသာတယ် အားလည်းရှိတာပေါ့"လို့ ပြောပါတယ်။ ပုသိမ်မြို့ လူမှုညီအစ်ကိုများအဖွဲ့က မြို့ပေါ်ရပ်ကွက် ၁၅ ခုရှိတဲ့အနက် အမှတ် ၅ ရပ်ကွက်ရှိ စားဝတ်နေရေးအခက်အခဲရှိနေတဲ့ လူဦးရေ ၄၅၀ ကျော်အတွက် ဆန် ၄ ပြည်၊ ဆီ ၃၀ သား၊ ဆား ၅၀ သားနဲ့ ကြက်သွန်အနီ ၃၀ သား လိုက်လံ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up