ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူကီးယားမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူတဦး မတ်လ ၁၅ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ဖော်ပြပါတယ်။
မတ်လ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေး စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာတဲ့နေ့မှာပဲ ပစ်သတ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။
အသတ်ခံရသူမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေ နေထိုင်တဲ့ အူကီးယားမြို့နယ်၊ ဘာလုခါလီ ဒုက္ခသည်စခန်းက အဒူရာရှစ် (ဘ) ဦးအဘူဘာဆာ ဖြစ်ပြီး မတ်လ ၁၅ ရက် မနက် ၈ နာရီက ဘာလုခါလီ စခန်းအမှတ် ၈ နဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့ လက်နက်ကိုင်ရဲတပ်ရင်း အမှတ် ၁၄ တာဝန်ရှိသူ Syed Harunur Rashid က ပြောကြားကြောင်း BDnews 24 မှာ ရေးသားဖော်ပြထားပါတယ်။
ပစ်ခတ်သူတွေ ထွက်ပြေးသွားကြပြီး သေနတ်ဒဏ်ရာရရှိသူ အဒူရာရှစ်ကို အနီးအနား ဆေးရုံ ယူဆောင်သွားခဲ့ပေမဲ့ လမ်းခုလတ်မှာပဲ သေဆုံးသွားခဲ့ကြောင်း မျက်မြင်ဒုက္ခသည်တွေက ဆိုပါတယ်။
သေဆုံးသူအလောင်းကို ခွဲစိတ်ဖို့ ကော့ဇ်ဘဇားခရိုင်ဆေးရုံ ပို့ဆောင်ထားပြီး သေနတ်ပစ်ခတ်သွားသူတွေကို ဘင်္ဂလားရဲက ရှာဖွေနေပေမဲ့ အခုထိ ဖမ်းဆီးရရှိမှု မရှိသေးပါဘူး။
ကော့ဇ်ဘဇားရှိ မြန်မာနိုင်ငံက မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့ များစွာရှိနေကာ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာပါ။
အခုလ ၈ ရက်ကလည်း အာဆာအဖွဲ့က ထိပ်တန်းတပ်မှူး နူရာဟာဘစ် (ခေါ်) ဒက်တာဝခ်ကာ (အသက် ၄၂ နှစ်) သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
မန္တလေးမြို့မှာ ဆေးဝါးနဲ့ အစားအသောက် အခမဲ့ သယ်ယူပို့ဆောင်ရေးကူညီမှုအစီအစဉ်ကို ဇူလိုင် ၂၁ ရက်က စတင်ပြုလုပ်နေတယ်လို့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကနေ သိရပါတယ်။
Green Cross Rescue (ချမ်းမြသာစည်) ရဲ့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကို ပြည်သူမှပြည်သူသို့ ကူညီချင်တဲ့ လူငယ်တွေ စုစည်းဖွဲ့စည်းထားတာပါ။
ဒီအဖွဲ့ဟာ အမှန်တကယ် လူနာနဲ့ လူနာရှိတဲ့ အိမ်၊ အမှန်တကယ် ခက်ခဲနေတဲ့အိမ်တွေ၊ အိမ်ပြင် မထွက်နိုင်တဲ့ လူနာနဲ့ တအိမ်လုံးနီးပါး ကျန်းမာရေး ချို့ယွင်းနေတဲ့ အိမ်တွေကိုသာ ပို့ဆောင်ခ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။
လူနာမရှိဘဲ အကူအညီ မတောင်းခံကြဖို့နဲ့ သာမန်အခက်အခဲထက်မပိုတဲ့ အိမ်ထောင်စုတွေအနေနဲ့ အလှူမခံကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ အိမ်အရောက် ဆေးဝါးနဲ့ အစားအစာတွေ သယ်ယူပို့ဆောင်ရေး အခမဲ့ အကူအညီရယူလိုပါက 09- 880 695 119 သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။