close

စောင့်ကြည့်

close

May 1, 2023

ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ရန် ဘိုင်ယန်အသင်း စောင့်ကြည့်

ဘိုင်ယန်မြူးနစ်အသင်းဟာ အက်စတန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့  ဗီလာပွဲစဉ်တွေ ကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟာ နောက်ဆုံး ၁၅ ပွဲမှာ ၁၁ ဂိုးသွင်းခဲ့ပြီး တန်းဆင်းဇုန်က ဗီလာအသင်းကို ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ 

ဘိုင်ယန်အသင်း နည်းစနစ်ဒါရိုက်တာ မာကိုနက်ပီကိုယ်တိုင်လည်း ဗီလာအသင်းရဲ့ ပွဲစဉ်တချို့ကို လာရောက်ပြီး ဝက်ကင်စ်ရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဝက်ကင်စ်အတွက် ပေါင်သန်း ၆၀ ပေးမယ်ဆိုရင် ဗီလာဘက်က လက်ခံစဉ်းစားဖို့ ရှိတယ်လို့ သိရပါတယ်။ 

ဘိုင်ယန်အသင်းဟာ လီဝန်ဒေါစကီး ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးကောင်း တဦး ဝယ်ယူဖို့ လုပ်ဆောင်နေပြီး ဝက်ကင်စ်ကို ခေါ်ယူဖို့ စိတ်ကူးခဲ့တာလို့သိရပါတယ်။ 

20 seconds Ago

August 23, 2020

မက်ဆီကိုခေါ်ယူရန် ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နှင့် အင်တာမီလန်တို့ စောင့်ကြည့်နေ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့အပေါ်မှာ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတွေက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။  မက်ဆီဟာ နည်းပြသစ် ရော်နယ်ကိုးလ်မန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး အသင်းဘက်ကလည်း သတင်းထုတ်ပြန်မှု မရှိသေးတာကြောင့် သုံးသပ်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာခဲ့တာပါ။  မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးမယ့်ကိစ္စ အဆင်မပြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။  ၂၀၁၅ နောက်ပိုင်း ဥရောပအောင်မြင်မှု မရတော့တာကြောင့် အသင်းအပေါ်စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့မယ့် အလားအလာရှိနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြတာပါ။  မက်ဆီကို ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူဖို့အဆင်သင့်ဖြစ်နေပြီး အင်တာမီလန်နဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။  ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးလ်မန်းကတော့ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းမှာ ဆက်ရှိမယ်လို့ ကံသေကံမ မပြောသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီကို နည်းပြတိုင်းက အလိုရှိကြတယ်လို့ ပြောကြားထားပါတယ်။ 
3 years Ago
Up