close

စောမြင့်ဦး

close

November 22, 2021

ကရင်ပြည်နယ် စစ်ကောင်စီခန့်ဥက္ကဋ္ဌ၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

အကြမ်းဖက် စစ်ကောင်စီခန့်  ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး လိုက်ပါလာတဲ့ ယာဥ်တန်းဟာ ဘားအံ-လှိုင်းဘွဲ ကားမကြီး၊ ရေပူ(မောကို)လမ်းခွဲနားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

​နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌဟာ လှိုင်းဘွဲမြို့ အောက်စီဂျင်စက်ရုံဖွင့်ပွဲကအပြန်မှာ  ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကား ၂ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ 

​မျက်မြင်တွေ့ရှိသူတစ်ဦးက "ကျနော်က ခြံကို အလုပ်သွားလုပ်မလို့ ဆိုင်ကယ်နဲ့အသွား ရှေ့နားမှာတင် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ အသံကြားတော့ ကျနော်လည်း ဆိုင်ကယ်ပေါ်က ခုန်ဆင်းပြီး ဝပ်နေလိုက်တယ်။ ကားတွေတော့၂ စီးတော့ ထိတယ်။ လူထိမထိတော့ မသိဘူး။ မေးမြန်းခံရမှာ ကြောက်လို့ နောက်ကြောင်းပြန်လှည့် လာလိုက်တယ်"လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးကတော့ ထိမှန်တာမရှိသလို သူ စီးနင်းလာတဲ့ယာဥ်လည်း  ထိမှန်ခြင်းမရှိဘူးလို့ ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာဟာ KNU တပ်မဟာ ၇  ထိန်းချုပ်နယ်မြေဖြစ်ပေမယ့် ကားလမ်းမကြီးတလျောက်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ KNU/ KNLA_PC နဲ့ BGF တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပါတယ်။

1 min Ago
Up