close

စံချိန်တင်အပူချိန်

close

June 30, 2021

ကနေဒါတွင် စံချိန်တင်ပူနိုင်ဟု မိုးလေဝသ ခန့်မှန်း

ကနေဒါနိုင်ငံအနောက်ခြမ်းက ဒေသခံတွေဟာ သမိုင်းဝင် လူသေတဲ့အထိ ပူတဲ့ အပူလှိုင်းဒဏ်ကနေ သက်သာစေဖို့ နေရာလိုက်ရှာနေရပါတယ်။

အပူလှိုင်းကြောင့် သက်ကြီးနိုင်ငံသား အများအပြား အပါအဝင် လူဒါဇင် သေဆုံးခဲ့ပြီးပြီလို့ ကနေဒါအခြေစိုက် CBC သတင်းမှာ ဖော်ပြပါတယ်။

အဒ်မွန်တွန်မြို့မှာတော့ လူမှုရေးလုပ်သားတွေက မြို့ခံ အိမ်ခြေမဲ့တွေအတွက် သစ်သီးတွေနဲ့ သောက်ရေတွေ ဝေပေးခဲ့ပါတယ်။

အယ်လ်ဘာတာ ကျေးလက်ဒေသမှာ လယ်သမားတွေက ကောက်ပဲသီးနှံတွေနဲ့ သူတို့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ကယ်ဖို့ ကြိုးစားနေရတာပါ။

မခံသာအောင်ပူတဲ့ အပူလှိုင်းအောက်မှာ လယ်သမား အများအပြားအတွက် မျှော်မှန်းထားသလောက် သီးနှံအထွက်နှုန်းကိုရမှာ မဟုတ်ဘူးလို့ အယ်လ်ဘာတာ စိုက်ပျိုးရေး အသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

ကနေဒါမှာ ဇွန် ၃၀ နဲ့ ဇူလိုင် ၁ ရက်တွေမှာ စံချိန်တင် ပိုပူတဲ့ အပူချိန်ကို ခံစားရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

3 mins Ago

February 20, 2020

အန္တာတိကတိုက်တွင် အပူချိန် စံချိန်တင်မြင့်တက် 

အန္တာတိကတိုက်ရဲ့ စံချိန်တင်အပူချိန် ၁၈ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ကို  ဖေဖော်ဝါရီ ၆ ရက်က အဲဒီမှာရှိတဲ့ သုတေသနစခန်းမှာ တိုင်းတာရရှိခဲ့ပါတယ်။ ဒီလိုပိုမိုပူပြင်းတဲ့ အပူချိန်တွေဆက်ရှိမယ်ဆိုရင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာကို အလွန်အကျွံဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ပြောပါတယ်။ မကြာသေးခင်က လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာပြီး အကျိုးဆက်အနေနဲ့ အန္တာတိကတိုက်မှာရှိတဲ့ ရေခဲပြင် အများအပြား အရည်ပျော်လာတယ်လို့ ယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုးသောမတ်စ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ “ကျမတို့တွေ့ရတာတော့ အနောက်အန္တာတိကရေခဲလွှာကနေ စပြီး အရည်ပျော်တာပေါ့။ ကျမတို့ အဆင့်တခုကို ရောက်ချိန်မှာ အရည်မပျော်အောင် ကြိုးပမ်းပေမယ့်လည်း ဆက်အရည်ပျော်နေမှာ” လို့ နယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုးသောမတ်စ်က ပြောပါတယ်။  “ရေခဲလွှာအရည်ပျော်တာနဲ့ တဖြည်းဖြည်းချင်း လူတွေ နေရာပျောက်ကုန်လိမ့်မယ်။ ကျွန်းငယ်ဒေသတွေမှာ အဲဒီလို ဖြစ်နေပြီဆိုတာ ကျမတို့ သိပါတယ်။ ဒါက တဖြည်းဖြည်း ဆက်ဖြစ်နေပြီး ဒီရေတက်ချိန်မှာလည်း နေအိမ်တွေ ရေလွှမ်းခံရလိမ့်မယ်။  နောက်တော့ သာမန် ဒီရေတက်ချိန်ပေါ့။ အဲဒီနောက်ပိုင်း ဒီရေကျချိန်မှာတောင် ရေလွှမ်းတာတွေ ကြုံရပါလိမ့်မယ်”လို့ သုတေသီ ဇိုး သောမတ်စ်က ရှင်းပြ ပါတယ်။  ဒီလို ရေခဲအရည်ပျော်ဖြစ်စဉ်ကို နှေးကွေးစေဖို့  လေထုထဲမှာရှိတဲ့ ကာဗွန်တွေကို ဖယ်ရှားခြင်းကသာ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့လည်း သုတေသီ ဇိုး သောမတ်စ်က အကြံပြုပါတယ်။   
1 year Ago
Up