မန်စီးတီးအသင်းဟာ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူဖို့ နီးစပ် နေပြီဖြစ်တယ် လို့သိရပါတယ်။
ဗီလာအသင်းက ဂရေးလစ်ရှ်ကို ဆက်ထိန်းထားလိုပေမယ့်လည်း မန်စီးတီးအသင်းဘက်က ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပြီး ကစာသမားကိုယ်တိုင်ကလည်း အသင်း ပြောင်းရွှေ့လိုနေတယ်လို့ဆိုပါတယ်။
အပြောင်းအရွှေ့သာဖြစ်မြောက်ခဲ့မယ်ဆိုရင် အင်္ဂလန်ကလပ် အသင်းတစ်သင်းအနေနဲ့ ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုတာဖြစ်လာမှာပါ။
ဂရေးလစ်ရှ် အနေနဲ့ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင် ၂ သိန်းအထိရရှိနိုင်မှာဖြစ် တာကြောင့် လုပ်ခလစာကလည်း ကစားသမားအတွက် မက်လုံးတစ်ခုဖြစ်နေတာပါ။
ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရဖို့လည်း ဆန္ဒရှိနေတာကလည်း မန်စီးတီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံချင်တဲ့အချက်တစ်ချက်ဖြစ်နေတယ်လို့သိရပါတယ်။
မန်စီးတီးအသင်းဟာ ဂရေးလစ်ရှ်အပြင် ဟာရီကိန်းကိုလည်း ခေါ်ယူဖို့ဆန္ဒရှိနေပေမယ့် အသင်းရှိ စီနီယားကစားသမားတစ်ဦးကို ဦးစွာ ရောင်းချပြီးမှာသာ ခေါ်ယူနိုင်လိမ့်မယ်လို့သိရပါတယ်။