close

စံချိန်တင်

close

February 6, 2023

နှင်းလျှောစီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ယူကရိန်းနိုင်ငံသား စံချိန်တင်

ယူကရိန်းနိုင်ငံသား ဒမစ်ထရို ကိုတော့ဗ်စကီးဟာ FIS အလွတ်ခုန် နှင်းလျှောစီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခက်အခဲဆုံး ပြကွက်တွေထဲက တစ်ခုကို လုပ်ဆောင်ပြသနိုင်ခဲ့တဲ့ အတွက် ကမ္ဘာ့ဖလားသမိုင်းတလျှောက် အမြင့်ဆုံး ရမှတ်နဲ့အတူ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်၊ ဒီးရားဗယ်လီ နှင်းလျှောစီးအပန်းဖြေစခန်းမှာ ကျင်းပတဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုတော့ဗ်စကီးက ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာပါ။ 

အသက် ၂၁ အရွယ် ယူကရိန်းနှင်းလျှောစီး ကစားသမားဟာ သူရဲ့ တတိယအကြိမ်မြောက် FISကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး "The Hurricane" လို့ သိထားကြတဲ့ အမြင့်ခုန်ပြကွက်ကို လုပ်ဆောင်ရင်း မြေပြင်ပေါ် အမှားအယွင်းမရှိ ဆင်းသက်နိုင်ခဲ့တာကြောင့် ပွဲစီစဉ်သူတွေက အများဆုံး ရရှိနိုင်တဲ့ ရမှတ် ၁၅၀ ထဲက သူ့ကို ၁၃၈.၃၂ မှတ်အထိ ပေးခဲ့တာကြောင့် အခုလို စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ နိုင်ခဲ့တဲ့ အတွက် ကိုတော့ဗ်စကီးဟာ ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာလည်း ၂၅၁ မှတ်နဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ဖိုင်နယ်ပွဲစဉ်အထိ တက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့အဆင့်တစ်နေရာက ဆွစ်ဇာလန်နိုင်ငံသား နိုဝယ်ရော့တ်နဲ့ ၁၈ မှတ်သာ ကွာဟပါတော့တယ်။ 

FIS ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲမှာတော့ သြစတြေးလျနိုင်ငံသူ ဒန်နီရယ်လ် စကော့တ် က ကစားသမားဘ၀ အမြင့်ဆုံးရမှတ်ဖြစ်တဲ့ ၁၁၅.၂၀ မှတ်ရရှိကာ ဒီရာသီအတွက် ဒုတိယ မြောက် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

အခုလို အနိုင်ရရှိခဲ့တဲ့ စကော့တ်ဟာ ဒုတိယနေရာမှာ ၉၉.၉၇ မှတ်နဲ့ ရပ်တည်ခဲ့တဲ့ ကနေဒါနိုင်ငံသူ မယ်ရီယွန် သနော့တ် အထက် ၇ မှတ်အကွာက ဦးဆောင်နိုင်ခဲ့တာကြောင့် FIS ကမ္ဘာ့ဖလား ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။

1 hour Ago

September 11, 2021

ရော်နယ်ဒို၏ ဂျာစီအင်္ကျီရောင်းချမှု ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အများဆုံး စံချိန်တင်

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဂျာစီအင်္ကျီရောင်းချရမှုဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့လာပြီး နောက်ပိုင်း ၈ ရက်အတွင်းမှာပဲ ရော်နယ်ဒိုရဲ့ဂျာစီရောင်းချရမှုက ပေါင် ၁၈၇ ဒသမ ၁ သန်း ဖိုးရှိခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အများဆုံးပမာဏဖြစ်ခဲ့တာပါ။

အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုအတွက် ယူနိုက်တက်က ပြောင်း ရွှေ့ကြေးပေါင် ၁၃ ဒသမ ၁ သန်းပေးချေခဲ့ရပြီး ၁ ပတ်ကျော်ကာလအတွင်းမှာပဲ ဂျာစီရောင်းချရမှုကနေ ပြောင်းရွှေ့ကြေးရဲ့ ၁၄ ဆလောက်ပြန်ရခဲ့တာဖြစ်ပါတယ်။

ပြင်သစ်မှာလည်း ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီရဲ့ ဂျာစီက ၃ ပတ်တာကာလအတွင်းမှာ စုစုပေါင်း ပေါင် ၁၀၃ ဒသမ ၈ သန်းဖိုး ရောင်းချခဲ့ ရတယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ရော်နယ်ဒိုရဲ့ဂျာစီပြီးရင်  မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်၊ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်၊ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူတို့က ဂျာစီရောင်းချရမှုမှာအစဉ်လိုက် အများဆုံးဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်မှာ ပေါ့ဘာ၊ ဆာလာ ၊ဗန်ဒိုက်၊ ဟာရီကိန်း၊ ဒီဘရိုင်းနဲ့ ဂျေဒန်ဆန်ချိုတို့ကို ဂျာစီအရောင်းရဆုံး ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။ 

1 year Ago
Up